နေဟမိ 7:43Common Language Bibleပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူလေဝိသားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယောရှုနှင့်ကာဒမေလ(ဟောဒေဝ၏ သားမြေးများ) ၇၄ ဗိမာန်တော်ဂီတပညာသည်များ (အာသပ်၏သားမြေးများ) ၁၄၈ ဗိမာန်တော်အစောင့်တပ်သားများ (ရှလ္လုံ၊အာတာ၊တာလမုန်၊အက္ကုပ်၊ ဟတိတနှင့်ရှောဗဲတို့၏သားမြေးများ) ၁၃၈ အခန်းကိုကြည့်ပါ။ |
အခြားမြို့ရွာများတွင်ဣသရေလအမျိုး သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ် ဝင်များ၊ ဗိမာန်တော်အလုပ်သမားများ၊ ရှော လမုန်၏အစေခံများမှဆင်းသက်လာ သူများသည်ကိုယ်ပိုင်အိမ်များတွင်နေထိုင် ကြလေသည်။ ယေရုရှလင်မြို့တွင်နေထိုင်သောယုဒပြည် နယ်အကြီးအကဲများကိုဖော်ပြအံ့။ ဇာခရိ၏မြေး၊ သြဇိ၏သားအသာယ။ သူ၏ အခြားဘိုးဘေးများတွင်ယုဒ၏သားဖာရက် မှဆင်းသက်သူအာမရိ၊ ရှေဖတိနှင့်မဟာ လေလတို့ပါဝင်သည်။