နေဟမိ 7:4Common Language Bibleယေရုရှလင်မြို့သည်ကျယ်ဝန်းသော်လည်းနေထိုင်သူလူဦးရေနည်းပါး၍ အိမ်အမြောက်အမြားကိုလည်းမတည်မဆောက်ရကြသေးပေ။- အခန်းကိုကြည့်ပါ။ |
ငါသည်သူတို့အား``နံနက်ချိန်၌နေမမြင့်မချင်းယေရုရှလင်မြို့တံခါးများကိုမဖွင့်စေနှင့်။ နေဝင်ချိန်၌တံခါးစောင့်များတာဝန်ပြီးဆုံးချိန်မတိုင်မီ တံခါးများကိုပိတ်၍ကန့်လန့်ကျင်များကိုထိုးထားစေ'' ဟုမှာကြားထား၏။ ယေရုရှလင်မြို့တွင်နေထိုင်သူများထဲမှကင်းစောင့်သူများခန့်ထားပြီးလျှင် ထိုသူအချို့ကိုနေရာအတိအကျတွင်ကင်းစောင့်စေ၍အချို့ကိုမိမိတို့အိမ်များ၏ပတ်ဝန်းကျင်တွင်ကင်းစောင့်စေရန်ကိုလည်းမှာကြားထား၏။
ပြည်သူများ၊ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေးမှူးတို့အားစုရုံးစေ၍ အိမ်ထောင်စုစာရင်းများကိုစစ်ဆေးရန်ဘုရားသခင်သည်ငါ၏စိတ်ကိုနှိုးဆော်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှရှေးဦးစွာပြန်လည်ရောက်ရှိလာသူများ၏စာရင်းကိုဤသို့ရှာဖွေတွေ့ရှိရသည်။
သင်တို့အမျိုးသားများသည်လည်းကြာမြင့် စွာယိုယွင်းပျက်စီးနေခဲ့သည့်အဆောက်အဦ များကိုအုတ်မြစ်ဟောင်းများအပေါ်တွင်ပြန် လည်တည်ဆောက်ရကြလိမ့်မည်။ သင်တို့သည် ပြိုပျက်လျက်ရှိသည့်မြို့ရိုးများကိုပြုပြင် လျက်၊ ယိုယွင်းပျက်စီးနေသောအဆောက် အဦများနှင့် လမ်းများကိုပြန်လည်တည် ဆောက်သူများဟုခေါ်ဝေါ်သမုတ်ခြင်း ကိုခံရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။