Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 6:6

Common Language Bible

ထို​စာ​တွင် ``သင်​နှင့်​ယု​ဒ​အ​မျိုး​သား​တို့​သည်​ပုန်​ကန် ရန်​အ​ကြံ​နှင့်​မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ ကြောင်း​နီး​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​ပြော ဆို​နေ​ကြ​သည်​ဟူ​သော​သ​တင်း​ကို​ဂေ​ရှင် ထံ​မှ​ငါ​ကြား​သိ​ရ​ပါ​သည်။ သင်​သည်​မင်း လုပ်​လို​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

``အ​ရှင်​၏​အ​ခြား​နယ်​မြေ​များ​မှ ဤ​အ​ရပ်​သို့​လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​ကာ ထို​ဆိုး​ညစ်​ပုန်​ကန်​တတ်​သော​မြို့​ကို​ပြန်​လည်​တည်​ဆောက်​လျက်​ရှိ​ကြောင်း အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​လျှောက်​ထား​အပ်​ပါ​သည်။ သူ​တို့​သည်​မြို့​ရိုး​များ​ကို ပြန်​လည်​စ​တင်​ဆောက်​လုပ်​လျက်​နေ​ကြ​ပြီ​ဖြစ်​၍​မ​ကြာ​မီ​ပြီး​စီး​ပါ​မည်။-

ထို့​ကြောင့်​အ​ရှင်​၏​ဘိုး​တော်​ဘေး​တော်​များ​ထား​ရှိ​ခဲ့​သည့် မှတ်​တမ်း​များ​ကို​အ​မိန့်​ထုတ်​ဆင့်​၍​ရှာ​ဖွေ​ကြည့်​ရှု​စေ​တော်​မူ​ပါ​က ဤ​မြို့​သည်​ပုန်​ကန်​လေ့​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​အ​စ​ပြု​၍​ပြည်​နယ်​များ​ကို​အုပ်​စိုး​သော​ဘု​ရင်​များ၊ ဘု​ရင်​ခံ​များ​အား​ဒုက္ခ​ပေး​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​ပါ​လိမ့်​မည်။ ဤ​မြို့​သား​တို့​သည်​အ​စဉ်​ပင်​အုပ်​ချုပ်​ရ​ခက်​သူ​များ​ဖြစ်​ကြ​ပါ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဤ​မြို့​သည်​ဖျက်​ဆီး​ခြင်း​ခံ​ခဲ့​ရ​ပါ​သည်။-

ထို​သ​တင်း​ကို​သမ္ဘာ​လတ်၊ တော​ဘိ​နှင့်​အာ​ရပ် အ​မျိုး​သား​ဂေ​ရှင်​တို့​ကြား​ကြ​သော​အ​ခါ ငါ​တို့​အား​လှောင်​ပြောင်​ကြ​၏။ သူ​တို့​က``သင် တို့​၏​အ​ကြံ​အ​စည်​ကား​အ​ဘယ်​သို့​နည်း။ ဧ​က​ရာဇ်​ဘု​ရင်​အား​သင်​တို့​ပုန်​ကန်​ကြ မည်​လော'' ဟု​ဆို​ကြ​၏။

ငါ​သည်​အ​ပြစ်​ကူး​လွန်​ခြင်း​အား​ဖြင့်​အ​သ ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​လေ​အောင်​သူ​တို့​သည် ရှေ​မာ​ယ​ကို​ငှား​ရမ်း​၍​ငါ့​အား​ခြောက်​လှန့် ခိုင်း​ကြ​၏။

ထို​နောက်​ငါး​ကြိမ်​မြောက်​သမ္ဘာ​လတ်​စေ လွှတ်​သော​အ​စေ​ခံ​၌​ချိပ်​မ​နှိပ်​သော​စာ ပါ​ရှိ​၏။-

ယေ​ရု​ရှ​လင်​မြို့​တွင်​မိ​မိ​အား​ယု​ဒ​ဘု​ရင် အ​ဖြစ်​ကြေ​ညာ​ရန် ပ​ရော​ဖက်​အ​ချို့​နှင့်​စီ​စဉ် ထား​ကြောင်း​ကို​လည်း​ငါ့​အား​ဂေ​ရှင်​ပြော​ပြ ပါ​သည်။ ဘု​ရင်​မင်း​မြတ်​သည်​ဤ​သ​တင်း​ကို ဧ​ကန်​မု​ချ​ကြား​သိ​တော်​မူ​လိမ့်​မည်။ ထို ကြောင့်​ငါ​နှင့်​တိုင်​ပင်​ရန်​လာ​ပါ​လော့'' ဟု ဖော်​ပြ​ပါ​ရှိ​၏။

ကျွန်​တော်​မျိုး​သည်​လူ​တို့​တီး​တိုး​ပြော​ဆို​နေ​သံ​ကို ကြား​ရ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား``နေ​ရာ​တိုင်း​တွင် ထိတ်​လန့်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သူ'' ဟု နာ​မည်​ပေး​ပြီး​လျှင်``သူ့​အ​ကြောင်း​ကို အာ​ဏာ​ပိုင်​တို့​အား​သ​တင်း​ပေး​ကြ​ကုန်​အံ့၊'' ဟု​ဆို​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ရင်း​နှီး​သော​မိတ်​ဆွေ​များ​ပင်​လျှင် ကျွန်​တော်​မျိုး​ပြို​လဲ​သည်​ကို​စောင့်​မျှော်​နေ​ကြ ပါ​၏။ သူ​တို့​က``သူ့​အား​ငါ​တို့​လှည့်​စား​၍ ရ​ကောင်း​ရ​ပေ​လိမ့်​မည်။ အ​ငိုက်​ဖမ်း​၍​လက်​စား​ချေ​နိုင်​လိမ့်​မည်'' ဟု ဆို​ကြ​ပါ​၏။

``လူ​တို့​သည်​ငါ့​ကြောင့်​သင်​တို့​ကို​ကဲ့​ရဲ့​ညှဉ်း​ဆဲ လျက် မ​ဟုတ်​မ​မှန်​ဘဲ​အ​မျိုး​မျိုး​ပြစ်​တင်​စွပ်​စွဲ​ကြ​သော အ​ခါ၊ သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

ထို​နောက်​သူ​တို့​က ``ဤ​သူ​သည်​ပြည်​သူ​တို့​အား လမ်း​လွဲ​စေ​ရန် ကဲ​သာ​ဘု​ရင်​အား​အ​ခွန်​တော် မ​ပေး​မ​ဆက်​နှင့်​ဟု​တား​မြစ်​သည်​ကို​လည်း ကောင်း၊ မိ​မိ​ကိုယ်​ကို​မေ​ရှိ​ယ​တည်း​ဟူ​သော ဘု​ရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြော​ဆို​သည်​ကို လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ရှိ​ရ​ပါ​၏'' ဟု ဆို​၍​ကိုယ်​တော်​ကို​စွပ်​စွဲ​ကြ​၏။

ဤ​စ​ကား​ကို​ကြား​သော​အ​ခါ​ပိ​လတ်​မင်း သည်​သ​ခင်​ယေ​ရှု​ကို​အ​ပြင်​သို့​ထုတ်​ဆောင် ခဲ့​ပြီး​လျှင် ကျောက်​ပြား​စင်္ကြံ​ပေါ်​ရှိ​တ​ရား ခွင်​တွင်​ထိုင်​လေ​၏။ (ထို​စင်္ကြံ​ကို​ဟေ​ဗြဲ ဘာ​သာ​ဖြင့်​ဂဗ္ဗ​သ​ဟု​ခေါ်​၏။)-

``အ​ကောင်း​ကို​ဖြစ်​ပွား​စေ​ရန်​အ​ဆိုး​ကို​ငါ တို့​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ရ​မည်​လော။ ဤ​ကဲ့ သို့​ပင်​ငါ​ပြော​ဆို​သည်​ဟူ​၍​လူ​အ​ချို့​က ပြစ်​တင်​စွပ်​စွဲ​ကာ​ငါ့​အား​စော်​ကား​ကြ​လေ ပြီ။ ထို​သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​သည်​အ​တိုင်း​အ​မှန်​ပင်​ခံ​ရ​ကြ လိမ့်​မည်။

ငါ​တို့​သည်​ချီး​မြှောက်​ခြင်း​နှင့်​ရှုတ်​ချ​ခြင်း ကို​ခံ​ရ​ကြ​၏။ ကဲ့​ရဲ့​ခြင်း​နှင့်​ချီး​မွမ်း​ခြင်း​ကို ခံ​ရ​ကြ​၏။ လူ​လိမ်​များ​ဟု​လူ​တို့​သတ်​မှတ် ကြ​သော်​လည်း​ငါ​တို့​သည်​သစ္စာ​စ​ကား​ကို ပြော​ဆို​ကြ​၏။-

သို့​ရာ​တွင်​သိမ်​မွေ့​ရို​သေ​စွာ​ဖြေ​ကြား​ကြ​လော့။ သင်​တို့​အား​မ​တ​ရား​ဝေ​ဖန်​၍​စော်​ကား​ပြော​ဆို သူ​တို့​သည် ခ​ရစ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သင်​တို့​ပြု​မူ​ပုံ​ကောင်း​မွန်​သင့်​မြတ်​သည်​ကို​မြင် ၍​အ​ရှက်​ရ​ကြ​စေ​ရန် သင်​တို့​၏​သြ​တ္တပ္ပ​စိတ် ကို​ကြည်​လင်​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ