Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 5:5

Common Language Bible

ငါ​တို့​သည်​လည်း​ယု​ဒ​အ​မျိုး​သား​များ ပင်​မ​ဟုတ်​ပါ​လော။ ငါ​တို့​သား​သ​မီး​များ သည်​လည်း​သူ​တို့​သား​သ​မီး​များ​ထက်​မ​ညံ့ ပါ။ သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​သား​သ​မီး များ​ကို​ကျွန်​ခံ​စေ​ကြ​ရ​ပါ​၏။ သ​မီး​အ​ချို့ ကို​လည်း​ကျွန်​အ​ဖြစ်​ရောင်း​ချ​လိုက်​ရ​လေ ပြီ။ ငါ​တို့​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်။ ငါ တို့​လယ်​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​သည် သူ​တစ်​ပါး​လက်​သို့​ရောက်​လေ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

လာ​ဗန်​က``သင်​သည်​ငါ​၏​သွေး​ရင်း​သား​ရင်း ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။ ယာ​ကုပ် သည်​လည်း​ဦး​ရီး​အိမ်​တွင်​တစ်​လ​ကြာ​မျှ​နေ ထိုင်​လေ​သည်။

ငါ​တို့​သည်​သူ့​အား​အ​နာ​တ​ရ​ဖြစ်​စေ​မည့် အ​စား​ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​သူ့ ကို​ရောင်း​လိုက်​ကြ​ပါ​စို့။ သူ​သည်​ငါ​တို့​၏​ညီ၊ ငါ​တို့​၏​သွေး​သား​ပင်​ဖြစ်​သည်​မ​ဟုတ်​လော'' ဟု​ဆို​လေ​၏။ သူ​၏​ညီ​အစ်​ကို​တို့​က​လည်း သ​ဘော​တူ​ကြ​၏။-

ပ​ရော​ဖက်​တစ်​ဦး​၏​မု​ဆိုး​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​လာ​၍``အ​ရှင်၊ ကျွန်​မ​၏​ခင်​ပွန်း သေ​ဆုံး​ပါ​ပြီ။ အ​ရှင်​သိ​သည့်​အ​တိုင်း​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ် ပါ​၏။ သို့​ရာ​တွင်​သူ​၏​ကြွေး​ရှင်​သည်​ကျွန်​မ ၏​သား​နှစ်​ယောက်​အား ဖခင်​၏​အ​ကြွေး​အ​တွက် ကျွန်​ခံ​စေ​ရန်​လာ​၍​ခေါ်​နေ​ပါ​သည်'' ဟု​ပြော​၏။

ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား​က၊ ``ဇ​နီး​သည်​ကို​ကွာ​ရှင်း​ပစ် လိုက်​သည့် ယောကျာ်း​ကဲ့​သို့၊ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​နှင်​ထုတ်​လိုက် သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ ယင်း​သို့​နှင်​ထုတ်​လိုက်​ပါ​မူ​ဖြတ်​စာ​များ​ကား အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကျွန်​အ​ဖြစ် ရောင်း​စား​သူ​ကဲ့​သို့၊ငါ​သည်​သင်​တို့​အား သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ရောင်း​ချ​လိုက်​သည်​ဟု​သင်​တို့ ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ သည်​မှာ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ဖြစ်​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​ကူး​လွန်​ကြ​သည့် ရာ​ဇ​ဝတ်​မှု​များ​ကြောင့်​အ​နှင်​ခံ​ရကြ​ခြင်း ဖြစ်​၏။

ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​ကို​ကျွေး​မွေး​ခြင်း၊ နေ စ​ရာ​မ​ရှိ​သည့်​ဆင်း​ရဲ​သား​တို့​အား​နေ​ရာ ထိုင်​ခင်း​ပေး​အပ်​ခြင်း၊ အ​ဝတ်​အ​စား​ချို့​တဲ့ သူ​တို့​အား​ပေး​ကမ်း​၍​သင်​တို့​အ​မျိုး​သား များ​အား​ကူ​ညီ​မ​စ​ရ​မည့်​တာ​ဝန်​ကို​မ ရှောင်​မ​လွှဲ​ဘဲ​နေ​ခြင်း​တို့​ပင်​ဖြစ်​ပေ​သည်။

ထို​သူ​သည်​ထို​အ​ကြွေး​ကို​ပေး​ဆပ်​နိုင်​စွမ်း​မ​ရှိ သ​ဖြင့်​မင်း​ကြီး​က​ထို​သူ​နှင့်​တ​ကွ​သား​မ​ယား၊ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ရောင်း​၍​ပေး​ဆပ်​စေ ရန်​အ​မိန့်​ချ​မှတ်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ