Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 4:20

Common Language Bible

ဘေး​အန္တ​ရာယ်​အ​ချက်​ပေး​တံ​ပိုး​ခ​ရာ​မှုတ် သံ​ကို​ကြား​လျှင် သင်​တို့​သည်​ငါ့​ထံ​သို့​လာ ရောက်​စု​ရုံး​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင် သည်​ငါ​တို့​ဘက်​မှ​နေ​၍​တိုက်​ခိုက်​တော်​မူ လိမ့်​မည်'' ဟု​မှာ​ကြား​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယွာ​ဘ​က``ရှု​ရိ​တပ်​သား​တို့​သည်​ငါ​တို့ အား​အ​နိုင်​ရ​လျက်​နေ​ပါ​မူ သင်​သည်​လာ ၍​ငါ့​အား​ကူ​ညီ​လော့။ အ​ကယ်​၍​အမ္မုန် တပ်​သား​တို့​က​သင့်​ကို​အ​နိုင်​ရ​လျက် နေ​ပါ​မူ​ငါ​သည်​လာ​၍​သင့်​ကို​ကူ​ညီ​မည်။-

ငါ​သည်​ပြည်​သူ​များ၊ သူ​တို့​၏​အုပ်​ချုပ်​ရေး မှူး​များ​နှင့်​ခေါင်း​ဆောင်​များ​အား``ငါ​တို့​၏ အ​လုပ်​သည်​ပြန့်​ကျဲ​၍​နေ​သ​ဖြင့်​ငါ​တို့ သည်​မြို့​ရိုး​ပေါ်​တွင်​တစ်​ဦး​နှင့်​တစ်​ဦး အ​လှမ်း​ဝေး​စွာ​အ​လုပ်​လုပ်​ရ​ကြ​၏။-

သို့​ဖြစ်​၍​နေ့​စဉ်​နေ့​တိုင်း​နေ​အ​ရုဏ်​တက်​ချိန် မှ​ညဥ့်​အ​ခါ​ကြယ်​ပေါ်​ချိန်​တိုင်​အောင် ငါ​တို့ လူ​စု​တစ်​ဝက်​သည်​မြို့​ရိုး​ကို​တည်​ဆောက်​၍ အ​ခြား​တစ်​ဝက်​က​လှံ​များ​ကို​ကိုင်​ဆောင် ကာ​ကင်း​စောင့်​ကြ​လေ​သည်။

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​စစ် တိုက်​တော်​မူ​လိမ့်​မည်။ စိတ်​မ​ပူ​ကြ​နှင့်'' ဟု ပြန်​ပြော​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရ​ထား​ဘီး များ​ကို​ကျွတ်​ထွက်​စေ​တော်​မူ​သ​ဖြင့် သူ​တို့ ၏​ရ​ထား​များ​ကို​အ​သွား​ရ​ခက်​စေ​တော် မူ​၏။ ထို့​ကြောင့်​အီ​ဂျစ်​အ​မျိုး​သား​တို့​က``ထာ ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​နေ​၍ ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက် ရှိ​တော်​မူ​၏။ ထွက်​ပြေး​ကြ​စို့'' ဟု​ဆို​ကြ​၏။

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​တိတ် ကာ​လ​များ​မှာ​ကဲ့​သို့​ထွက်​ကြွ​တော်​မူ​၍ ထို​လူ​မျိုး​တို့​အား​တိုက်​ခိုက်​တော်​မူ​လိမ့် မည်။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ပြည်​နှင့်​တော​ကန္တာ​ရ​၌​သင်​တို့​အား စောင့်​ရှောက်​ခဲ့​သည့်​နည်း​တူ ယ​ခု​လည်း​သင်​တို့ ကို​ဦး​ဆောင်​၍​သင်​တို့​ဘက်​၌​စစ်​ကူ​တိုက်​တော် မူ​လိမ့်​မည်။ အ​ဖ​က​သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ချီ​ပိုက်​လျက် ဤ​အ​ရပ်​သို့​ရောက်​ရှိ​သည့်​တိုင်​အောင်​ပို့​ဆောင် တော်​မူ​ခဲ့​ကြောင်း​ကို သင်​တို့​သိ​မြင်​ရ​ကြ​ပြီ' ဟူ​၍​ပြော​ခဲ့​သည်။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​အား​အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​လိမ့်​မည်' ဟု​တပ်​သား​တို့​ကို​အား​ပေး​နှိုး​ဆော်​ရ​မည်။

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်​၌​စစ်​ကူ​တိုက်​မည်​ဖြစ်​သော​ကြောင့် သူ​တို့​ကို​မ​ကြောက်​နှင့်' ဟူ​၍​မှာ​ကြား​၏။''

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ အ​တွက်​စစ်​တိုက်​တော်​မူ​သ​ဖြင့်​သင်​တို့ အ​ထဲ​မှ​သူ​ရဲ​တစ်​ယောက်​က ရန်​သူ​တစ် ထောင်​ကို​က​စဥ့်​က​လျား​ထွက်​ပြေး​စေ နိုင်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ