တည်ဆောက်သောသူအပေါင်းတို့သည်လည်း ခါးတွင်ဋ္ဌားကိုဆွဲလျက်တည်ဆောက်ကြ၏။ ဘေးအန္တရာယ်အချက်ပေးရန်တံပိုးခရာ မှုတ်ရမည့်သူသည်ငါ၏အနီးတွင်ရပ် လျက်နေ၏။-
သို့ဖြစ်၍ငါသည်ပြည်သူတို့အား ဋ္ဌား၊ လှံ၊ လေးလက်နက်များကိုစွဲကိုင်စေကာတည် ဆောက်၍မပြီးသေးသည့်မြို့ရိုးများ၏ နောက်တွင်သားချင်းစုအလိုက်နေရာ ယူစေ၏။
ဆောက်လုပ်ရေးပစ္စည်းများကိုသယ်ယူသူတို့ သည်ပင်လျှင်လက်တစ်ဖက်ဖြင့်သယ်ယူ၍ အခြားလက်တစ်ဖက်ဖြင့်လက်နက်ကိုစွဲ ကိုင်ထားကြ၏။-
ငါသည်ပြည်သူများ၊ သူတို့၏အုပ်ချုပ်ရေး မှူးများနှင့်ခေါင်းဆောင်များအား``ငါတို့၏ အလုပ်သည်ပြန့်ကျဲ၍နေသဖြင့်ငါတို့ သည်မြို့ရိုးပေါ်တွင်တစ်ဦးနှင့်တစ်ဦး အလှမ်းဝေးစွာအလုပ်လုပ်ရကြ၏။-
သူသည်ရန်သူချဉ်းကပ်လာသည်ကိုမြင် လျှင် လူအပေါင်းတို့အားတံပိုးခရာမှုတ် ၍အချက်ပေးရ၏။-
သင်တို့၏ပြည်ကိုရန်သူများထိပါးတိုက် ခိုက်လာသောအခါ ရန်သူကိုခုခံတိုက်ခိုက် ရန်အတွက် ဤတံပိုးခရာများကိုမှုတ်၍ တပ်လှန့်နှိုးဆော်ရမည်။ သင်တို့ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်တို့ကိုသတိရ လျက်ရန်သူ၏လက်မှကယ်တင်တော်မူမည်။-