ဟေနဒဒ်၏သားဗိန္နိသည်နောက်တစ်ပိုင်း ကိုအာဇရိ၏နေအိမ်မှမြို့ထောင့်တိုင် အောင်တည်ဆောက်၏။
လေဝိအနွယ်ဝင်ယောရှုနှင့်သားများ (ဟောဒဝိ သားချင်းစုမှ) ကာဒမေလနှင့်သားများသည် ဗိမာန်တော်တည်ဆောက်မှုကိုကြီးကြပ်ရန် တာဝန်ယူရာတွင် ပါဝင်ဆောင်ရွက်ကြလေ သည်။ (သူတို့အားဟေနဒဒ်သားချင်းစုမှ လေဝိအနွယ်ဝင်များကအကူအညီ ပေးကြ၏။)
ဟာရိမ်၏သားမာလခိယနှင့်ပါတတ်မောဘ ၏သားဟာရှုတ်တို့သည် မြို့ရိုးနောက်တစ်ပိုင်း နှင့်မုန့်ဖိုပြအိုးကိုတည်ဆောက်ကြ၏။
ယောရှ၏သား၊ မိဇပါမြို့ကိုအုပ်ချုပ်ရသူ ဧဇေရသည် လက်နက်တိုက်ရှေ့ရှိမြို့ရိုးကို မြို့ထောင့်တိုင်အောင်တည်ဆောက်လေသည်။
နောက်တစ်ပိုင်းကိုဗင်္ယာမိန်နှင့်ဟာရှုပ်တို့က မိမိတို့နေအိမ်များရှေ့တွင်တည်ဆောက် ကြ၍၊ အာနနိ၏မြေးမာသေယ၏သားအာဇရိ က မိမိအိမ်ရှေ့၌နောက်တစ်ပိုင်းကိုတည် ဆောက်လေသည်။
တေကောမြို့သားတို့သည်ဒုတိယအကြိမ် မြို့ရိုးနောက်တစ်ပိုင်းကို ဗိမာန်တော်အစောင့် မျှော်စင်ကြီးရှေ့မှနေ၍သြဖေလအရပ် မြို့ရိုးအထိတည်ဆောက်ကြ၏။