Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 3:21

Common Language Bible

နောက်​တစ်​ပိုင်း​ကို​ဟက္ကုတ်​၏​မြေး၊ ဥ​ရိ​ယ ၏​သား​မေ​ရ​မုတ်​သည် ဧ​လျာ​ရှိပ်​၏​အိမ် တော်​အ​စွန်​ဆုံး​တိုင်​အောင်​တည်​ဆောက် သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ကော​ဇ​သည်​အာ​နုပ်​နှင့်​ဇော​ဗေ​ဒ​တို့​၏​ဖ​ခင် ဖြစ်​၍ ဟာ​ရုံ​၏​သား​အ​ဟာ​ရေ​လ​မှ​ဆင်း သက်​လာ​သော​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး ဖြစ်​သ​တည်း။

အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​ကား​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​ပြ​ရန်​မှတ်​တမ်း​တစ်​စုံ​တစ်​ရာ​ရှာ​၍​မ​တွေ့​နိုင်​ကြ။ ဟ​ဗာ​ယ​သား​ချင်း​စု၊ ဟ​က္ကုတ်​သား​ချင်း​စု​နှင့်​ဗာ​ဇိ​လဲ​သား​ချင်း​စု။ (ဗာ​ဇိ​လဲ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​၏ ဘိုး​ဘေး​ဖြစ်​သူ​သည်​ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​သား​ချင်း​စု​မှ အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​စုံ​ဖက်​ပြီး​နောက် မိ​မိ​ယောက္ခ​မ​၏​နာ​မည်​ကို​ခံ​ယူ​ခဲ့​၏။) ထို​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​မှာ​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​မ​ခံ​ကြ​ရ။-

ထို​နောက်​စ​တုတ္ထ​နေ့​၌​ဗိ​မာန်​တော်​သို့​သွား​၍ ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင်​များ​ကို​ချိန်​တွယ် ကာ ဥ​ရိ​ယ​၏​သား​ယဇ်​ပု​ရော​ဟိတ်​မေ​ရ​မုတ် လက်​သို့​ပေး​အပ်​ကြ​၏။ သူ​နှင့်​အ​တူ​ဖိ​န​ဟတ် ၏​သား ဧ​လာ​ဇာ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​နှစ်​ဦး ဖြစ်​ကြ​သော ယော​ရှု​၏​သား​ယော​ဇ​ဗဒ်​နှင့် ဗိ​နွိ​၏​သား​နော​ဒိ​တို့​လည်း​ရှိ​ကြ​၏။-

မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ပုံ​ကား ဤ သို့​တည်း။ ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ​ရှိပ်​နှင့်​သူ​၏ အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် သိုး​တံ​ခါး ကို​ပြန်​လည်​တည်​ဆောက်​၍​ဆက်​ကပ်​ပြီး လျှင် တံ​ခါး​ရွက်​များ​ကို​တပ်​ဆင်​ကြ​၏။ သူ​တို့​သည်​မြို့​ရိုး​ကို​ရာ​ပြည့်​ပြ​အိုး​နှင့် ဟာ​န​နေ​လ​ပြ​အိုး​တိုင်​အောင်​ဆက်​ကပ် ကြ​၏။

နောက်​တစ်​ပိုင်း​ကို​ဇဗ္ဗဲ​၏​သား​ဗာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ​ရှိပ်​၏​အိမ် တော်​အ​ဝင်​ဝ​တိုင်​အောင်​တည်​ဆောက်​၏။

အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​တို့​သည် မြို့​ရိုး​တည် ဆောက်​မှု​တွင်​ပါ​ဝင်​ကူ​ညီ​ကြ​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​နယ်​မြေ​မှ ယဇ်​ပု​ရော​ဟိတ်​များ​သည်​မြို့​ရိုး​နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​ကြ​၏။

မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဟက္ကု​၏​မြေး၊ ဥ​ရိ​ယ​၏​သား​မေ​ရ​မုတ်​တည်​ဆောက်​၍၊ နောက်​ထပ်​တစ်​ပိုင်း​ကို​မေ​ရှ​ဇ​ဗေ​လ​၏​မြေး၊ ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ​တည်​ဆောက်​လေ သည်။ နောက်​တစ်​ပိုင်း​ကို​ဗာ​နာ​၏​သား​ဇာ​ဒုတ် တည်​ဆောက်​၏။

အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​ကား​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို​သက်​သေ​ခံ​အ​ထောက်​အ​ထား​ပြ​ရန်​တစ်​စုံ​တစ်​ရာ​ရှာ​၍​မ​တွေ့​နိုင်​ကြ။ ဟ​ဗာ​ယ၊ ကော​ဇ​နှင့်​ဗာ​ဇိ​လဲ (ဗာ​ဇိ​လဲ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​၏​ဘိုး​ဘေး​ဖြစ်​သူ​သည်​ဂိ​လဒ်​ပြည်​သား၊ ဗာ​ဇိ​လဲ​သား​ချင်း​စု​မှ​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​စုံ​ဖက်​ပြီး​နောက်​မိ​မိ​ယောက္ခ​မ​သား​ချင်း​စု​၏​နာ​မည်​ကို​ခံ​ယူ​ခဲ့​၏။) ထို​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​မှာ​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ​သ​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​မ​ခံ​ရ​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ