Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 2:7

Common Language Bible

ထို​နောက်​ငါ​သည်​ယု​ဒ​ပြည်​သို့​ခ​ရီး​ပြု ရာ​တွင် လို​အပ်​သည့်​အ​ကူ​အ​ညီ​ပေး​ရန် အ​တွက်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက် ပြည်​နယ်​ဘု​ရင်​ခံ​များ​ထံ​သို့​အ​မှာ​တော် စာ​ကို​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဧ​က​ရာဇ်​မင်း​ဒါ​ရိ​သည်​ပြန်​ကြား​စာ​ကို​ပေး​ပို့​တော်​မူ​သည်။ ထို​ပြန်​ကြား​စာ​တွင်၊ ``ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ၊ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ရှိ သင်​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သို့၊ ``သင်​တို့​သည်​ဗိ​မာန်​တော်​အ​နီး​သို့​မ​ချဉ်း​မ​ကပ်​ကြ​နှင့်။-

``ငါ​အာ​တ​ဇေ​ရဇ်​မင်း​သည်​ကောင်း​ကင်​ဘုံ ရှင် ဘု​ရား​သ​ခင်​၏​ပ​ညတ်​ကျမ်း​တတ်​မြောက် သော​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ တောင်း​သ​မျှ သော​အ​ရာ​တို့​ကို​အ​လျင်​အ​မြန်​ထုတ် ပေး​ကြ​ရန် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​ရှိ​ငွေ​တိုက်​စိုး​အ​ပေါင်း တို့​အား​အ​မိန့်​တော်​ရှိ​သည်။-

ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား ယုံ​ကြည်​ကိုး​စား​ကြ​သူ​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍ ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​သူ​တို့​ကို​မူ​နှစ်​သက်​တော် မ​မူ​ဘဲ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​တတ်​ကြောင်း မင်း​ကြီး​အား​လျှောက်​ထား​ခဲ့​၏။ သို့​ဖြစ်​၍ ငါ​သည်​ခ​ရီး​လမ်း​တွင် ရန်​သူ​များ​၏​ဘေး မှ​ကာ​ကွယ်​စောင့်​ရှောက်​ရန်​အ​တွက် သူ​၏ ထံ​မှ​မြင်း​တပ်​အ​ကူ​အ​ညီ​ကို​တောင်း​ခံ ရ​မည်​မှာ​ရှက်​စ​ရာ​ပင်​ဖြစ်​ပေ​သည်။-

လူ​တို့​သည်​မိ​မိ​တို့​အား​မင်း​ကြီး​ပေး​အပ် လိုက်​သည့်​အ​မိန့်​တော်​စာ​ကို ဥ​ဖ​ရတ်​မြစ်​ကြီး အ​နောက်​ဘက်​ပြည်​နယ် ဘု​ရင်​ခံ​များ​နှင့် အ​ရာ​ရှိ​များ​အား​ပေး​အပ်​ကြ​သော​အ​ခါ သူ​တို့​သည်​ပြည်​သူ​များ​နှင့်​ဗိ​မာန်​တော် ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​အား​ပေး​ကူ​ညီ​ကြ ကုန်​၏။

မင်း​ကြီး​သည်​စစ်​အ​ရာ​ရှိ​အ​ချို့​နှင့်​မြင်း တပ်​ကို​ငါ​နှင့်​အ​တူ​စေ​လွှတ်​ပေး​တော်​မူ သ​ဖြင့် ငါ​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​သို့​ခ​ရီး​ပြု​ပြီး​လျှင် ထို အ​ရပ်​ရှိ​ဘု​ရင်​ခံ​တို့​အား​မင်း​ကြီး​၏ အ​မှာ​တော်​စာ​များ​ကို​ပေး​၏။-

မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဂိ​ဗောင်​မြို့​သား​မေ လ​တိ၊ မေ​ရော​နုတ်​မြို့​သား​ယာ​ဒုန်​နှင့်​ဂိ​ဗောင် မြို့​သား၊ မိ​ဇ​ပါ​မြို့​သား​တို့​က​ဥ​ဖ​ရတ်​မြစ် အ​နောက်​ဘက်​ပြည်​နယ်​ဘု​ရင်​ခံ​၏​အိမ်​တော် တိုင်​အောင်​တည်​ဆောက်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ