နေဟမိ 2:3Common Language Bible``အရှင်မင်းကြီးသည်ထာဝစဉ်သက် တော်ရှည်ပါစေသော။ ကျွန်တော်မျိုး၏ ဘိုးဘေးများအားသင်္ဂြိုဟ်ရာမြို့သည် ပျက်စီးယိုယွင်းလျက်မြို့တံခါးများ သည်လည်းမီးလောင်ကျွမ်းကုန်ပြီဖြစ် သဖြင့် ကျွန်တော်မျိုးသည်အဘယ်သို့ လျှင်မျက်နှာမညှိုးငယ်ဘဲနေနိုင်ပါ မည်နည်း'' ဟုပြန်လည်လျှောက်ထား၏။ အခန်းကိုကြည့်ပါ။ |
သူတို့ကအသက်မသေဘဲကျန်ရှိကာ မိမိတို့ပြည်သို့ပြန်လည်ရောက်ရှိလာ သူတို့သည် များစွာဒုက္ခဆင်းရဲရောက်လျက်အနီးအနား တွင်နေထိုင်သူလူမျိုးခြားတို့၏အထင် သေးမှုကိုခံနေကြရကြောင်းငါ့အား ပြောကြားကြသည်။ ထို့ပြင်ယေရုရှလင် မြို့ရိုးများသည်ပြိုကျလျက်ပင်ရှိနေ သေးကြောင်းကိုလည်းကောင်း၊ မြို့တံခါး များကိုလည်းမီးလောင်ကျွမ်းချိန်မှစ၍ ယနေ့တိုင်အောင်ပြန်လည်မပြင်ဆင်ရ သေးကြောင်းကိုလည်းကောင်းပြောကြား ကြ၏။-
ငါတို့သည်အနောက်ဘက်ရှိချိုင့်တံခါး မှထွက်၍ တောင်ဘက်နဂါးစမ်းတွင်းကိုဖြတ် ကာအမှိုက်ပုံတံခါးတိုင်အောင်လျှောက်သွား ကြ၏။ ထိုအခါ၌မိုးမလင်းသေးပေ။ ငါ သည်ဤသို့သွားရောက်လျက်ပြိုကျနေသော မြို့ရိုးများနှင့်မီးလောင်ပျက်စီးသွားသည့် မြို့တံခါးများကိုစစ်ဆေးကြည့်ရှု၏။-
မြို့တံခါးတို့သည်ကန့်လန့်ကျင်များကျိုးပဲ့ကာ အမှိုက်ပုံအောက်တွင်မြုပ်၍နေလေ၏။ ရှင်ဘုရင်နှင့်မင်းညီမင်းသားတို့သည်ယခုအခါ တိုင်းတစ်ပါးတွင်ပြည်နှင်ဒဏ်သင့်လျက်ရှိကြ၏။ ပညတ်တရားတော်ကိုသွန်သင်မှုမရှိတော့ သဖြင့် ပရောဖက်များသည်ထာဝရဘုရား၏ ထံတော်မှ ဗျာဒိတ်ရူပါရုံများကိုမတွေ့မမြင်ရကြ။
မယ်တော်မိဖုရားကြီးသည်မင်းကြီးနှင့်မှူး မတ်တို့ပြောဆိုကြသည့်စကားကိုကြား သဖြင့် စားသောက်ပွဲကျင်းပရာအခန်းထဲ သို့ဝင်လာပြီးလျှင်``အရှင်မင်းကြီး၊ သက် တော်ရာကျော်ရှည်ပါစေ။ ဤမျှစိတ်အနှောင့် အယှက်ဖြစ်၍မနေပါနှင့်။ ဤမျှမျက်နှာ ညှိုးငယ်၍လည်းမနေပါနှင့်။-