လွန်စွာအမျက်ထွက်ပြီးလျှင်တောဘိ၏ ပစ္စည်းဥစ္စာရှိသမျှကိုပစ်ထုတ်လိုက်၏။-
ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
အခန်းများကိုဘာသာရေးထုံးနည်းအရ သန့်စင်မှုကိုပြုစေ၍ဗိမာန်တော်အသုံး အဆောင်များ၊ ဘောဇဉ်ပူဇော်သကာများ နှင့်နံ့သာပေါင်းတို့ကိုပြန်သွင်းရန်အမိန့် ပေး၏။
ထိုသူတို့ညည်းညူသံကိုကြားသော်ငါ သည်အမျက်ထွက်၍၊-
ကိုယ်တော်ရှင်၏ဗိမာန်တော်ကိုစွဲလမ်းမှုသည် ကျွန်တော်မျိုး၏စိတ်အတွင်း၌မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်ရှင်အားစော်ကားပြောဆိုသော စကားများသည်ကျွန်တော်မျိုးအားစော်ကား ပြောဆိုသောစကားများဖြစ်ပါ၏။