Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 12:46

Common Language Bible

ရှေး​ကာ​လ​ဒါ​ဝိဒ်​မင်း​နှင့်​ဂီ​တ​ပ​ညာ​သည်​အာ​သပ်​၏​လက်​ထက်​မှ​အ​စ​ပြု​၍ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​နှင့်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​သီ​ချင်း​များ​ကို​ဂီတ​ပ​ညာ​သည်​များ​က​ဦး​ဆောင်​သီ​ဆို​ခဲ့​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

လေ​ဝိ​အိမ်​ထောင်​စု​အ​ချို့​တို့​သည်​ဗိ​မာန် တော်​တွင် ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​ကို တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​နေ့​ရော​ညည့်​ပါ​လုပ်​ဆောင် ရန်​လို​အပ်​သ​ဖြင့် ဗိ​မာန်​တော်​အ​ဆောက် အ​အုံ အ​ချို့​တို့​တွင်​နေ​ထိုင်​ရ​ကြ​၍ အ​ခြား​တာ​ဝန်​ဝတ္တ​ရား​များ​မှ​ကင်း လွတ်​ခွင့်​ရ​ရှိ​ကြ​၏။

ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​ခေါင်း​ဆောင်​များ သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​အာ​သပ်​စပ်​ဆို​ခဲ့​သော ထော​မ​နာ သီ​ချင်း​များ​ကို​သီ​ဆို​စေ​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သီ ချင်း​ဆို​၍ ဒူး​ထောက်​လျက်​ဘု​ရား​သ​ခင် ကို​ရှိ​ခိုး​ကြ​၏။

ဇာ​ဗ​ဒိ​၏​မြေး၊ မိက္ခာ​၏​သား​မ​ဿ​နိ။ သူ​သည် အာ​သပ်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။ သူ​သည် ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ဆု​တောင်း​ပတ္ထ​နာ သီ​ချင်း​ကို​သီ​ဆို​ရာ​တွင်​ဗိ​မာန်​တော်​သီ ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​အ​ဖြစ်​ဆောင်​ရွက် သူ​ဖြစ်​၏။ မ​ဿ​နိ​၏​လက်​ထောက်​ဗာ​က​ဗု​ကိ။ ဂ​လာ​လ​၏​မြေး၊ ရှ​မွာ​၏​သား​သြ​ဗ​ဒိ။ သူ သည်​ယေ​ဒု​သုန်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။

ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ချီး​မွမ်း သီ​ချင်း​ကို ငါ​တို့​သည်​အ​ဘယ်​သို့​လျှင်​နိုင်​ငံ​ရပ်​ခြား​၌ ဆို​နိုင်​ကြ​ပါ​မည်​နည်း။

ဘု​ရား​သ​ခင်​သည်​စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း သူ​များ ဖြစ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​မှန်​ပင် ကျေး​ဇူး​ပြု​တော်​မူ​၏။

အို ဘု​ရား​သ​ခင်၊ ဆိတ်​ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်။ ငြိမ်​သက်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။ ဆိတ်​ငြိမ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ