နေဟမိ 12:42Common Language Bibleသူတို့၏နောက်မှမာသေယ၊ ရှေမာယ၊ ဧလာဇာ၊ သြဇိ ၊ ယောဟနန်၊ မာလခိယ၊ ဧလံနှင့်ဧဇာတို့ကလိုက်ကြ၏။ ယေဇရာဟိခေါင်းဆောင်သောသီချင်းသည်များသည်အသံကုန်ဟစ်၍သီဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။