Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 12:31

Common Language Bible

ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​မြို့​ရိုး​ပေါ်​တွင်​စု​ရုံး​စေ​ပြီး​လျှင် မြို့​ကို​လှည့်​လည်​၍​ကျေး​ဇူး​တော်​ကို​သီ​ဆို​ချီး​မွမ်း​ရန်​လူ​စု​ကြီး​နှစ်​စု​ကို​ကြီး​ကြပ်​စေ​၏။ ပ​ထ​မ​တစ်​စု​သည်​အ​မှိုက်​ပုံ​တံ​ခါး​သို့​ဦး​တည်​လျက်​မြို့​ရိုး​ပေါ်​တွင်​လက်​ယာ​ရစ်​လှည့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​သည်​တစ်​ထောင်​တပ်​နှင့် တစ်​ရာ​တပ် တို့​၏​တပ်​မှူး​အား​လုံး​နှင့်​ဆွေး​နွေး​တိုင်​ပင်​၏။-

ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။

ထို​နောက်​ရှော​လ​မုန်​မင်း​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို ဇိ​အုန်​မည်​သော​ဒါ​ဝိဒ်​မြို့​မှ​ပင့်​ဆောင် ရန်​အ​တွက် ဣသ​ရေ​လ​အ​နွယ်​များ​နှင့်​သား ချင်း​စု​ခေါင်း​ဆောင်​အ​ပေါင်း​တို့​ကို ယေ​ရု ရှ​လင်​မြို့​တွင်​စု​ရုံး​ရန်​ဆင့်​ခေါ်​တော်​မူ​၏။-

သီ​ချင်း​သည်​များ​၏​နောက်​မှ​ဟော​ရှ​ယ​လိုက်​၏။ သူ​၏​နောက်​တွင်​ယု​ဒ​ခေါင်း​ဆောင်​တစ်​ဝက်​လိုက်​ကြ​၏။-

ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​အ​ခြား​လူ​စု​သည်​မြို့​ရိုး​ပေါ်​တွင်​လက်​ဝဲ​ရစ်​လှည့်​၏။ ငါ​သည်​ကျန်​ပ​ရိ​သတ်​တစ်​ဝက်​နှင့်​အ​တူ​သူ​တို့​၏​နောက်​မှ​လိုက်​ကြ​၏။ ငါ​တို့​သည်​မုန့်​ဖို​ပြ​အိုး​ကို​ဖြတ်​၍​မြို့​ရိုး​ကျယ်​အ​ထိ​လျှောက်​သွား​ကြ​ပြီး​လျှင်၊-

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့်​လူ​စု​နှစ်​စု​စ​လုံး​ပင်​ဗိ​မာန်​တော်​နယ်​မြေ​သို့​ရောက်​ရှိ​လာ​ကြ​လေ​သည်။ ငါ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​ခေါင်း​ဆောင်​များ​အ​ပြင်၊-

ငါ​တို့​သည်​အ​နောက်​ဘက်​ရှိ​ချိုင့်​တံ​ခါး မှ​ထွက်​၍ တောင်​ဘက်​န​ဂါး​စမ်း​တွင်း​ကို​ဖြတ် ကာ​အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​လျှောက်​သွား ကြ​၏။ ထို​အ​ခါ​၌​မိုး​မ​လင်း​သေး​ပေ။ ငါ သည်​ဤ​သို့​သွား​ရောက်​လျက်​ပြို​ကျ​နေ​သော မြို့​ရိုး​များ​နှင့်​မီး​လောင်​ပျက်​စီး​သွား​သည့် မြို့​တံ​ခါး​များ​ကို​စစ်​ဆေး​ကြည့်​ရှု​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ