နေဟမိ 12:24Common Language Bibleဟာရှဘိ၊ ရှေရဘိ၊ ယောရှု၊ ဗိနွိ နှင့်ကပ်မျေလတို့၏ညွှန်ကြားအုပ်ချုပ်မှုကိုခံယူကာ လေဝိအနွယ်ဝင်တို့သည်အစုများခွဲ၍တာဝန်ယူရကြ၏။ သူတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်ပေးအပ်သည့်ညွှန်ကြားချက်များနှင့်အညီ တစ်ကြိမ်လျှင်နှစ်စုကျအတုန့်အပြန်ဘုရားသခင်အားထောမနာပြုလျက်ကျေးဇူးတော်ကိုချီးမွမ်းရကြလေသည်။ အခန်းကိုကြည့်ပါ။ |
ခမည်းတော်ဒါဝိဒ်ချမှတ်ထားခဲ့သည့်စည်း မျဉ်းများအတိုင်းမင်းကြီးသည် ယဇ်ပုရော ဟိတ်တို့နေ့စဉ်လုပ်ဆောင်ရန်တာဝန်များကို လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အမှုတော် ဆောင်ရာတွင်ပါဝင်ကူညီကာ ဋ္ဌမ္မသီချင်း များအေးကူးကြရသူလေဝိအနွယ်ဝင် တို့၏အလုပ်တာဝန်များကိုလည်းကောင်း စီစဉ်ပေးတော်မူ၏။ ဘုရားသခင်၏အစေခံ ဒါဝိဒ်အမိန့်ရှိတော်မူခဲ့သည့်အတိုင်းဗိမာန် တော်အစောင့်တပ်သားများကိုလည်းနေ့စဉ် တာဝန်ဝတ္တရားများထမ်းဆောင်ရန်အဖွဲ့ များဖွဲ့စည်းပေးတော်မူ၏။-
ဇာဗဒိ၏မြေး၊ မိက္ခာ၏သားမဿနိ။ သူသည် အာသပ်မှဆင်းသက်လာသူဖြစ်၏။ သူသည် ကျေးဇူးတော်ချီးမွမ်းရာဆုတောင်းပတ္ထနာ သီချင်းကိုသီဆိုရာတွင်ဗိမာန်တော်သီ ချင်းအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက် သူဖြစ်၏။ မဿနိ၏လက်ထောက်ဗာကဗုကိ။ ဂလာလ၏မြေး၊ ရှမွာ၏သားသြဗဒိ။ သူ သည်ယေဒုသုန်မှဆင်းသက်လာသူဖြစ်၏။
သူ၏နောက်၌သူ့သားချင်းစုဝင်များဖြစ်ကြသောရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒနှင့်ဟာနနိတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်မင်းတီးမှုတ်သည့်တူရိယာမျိုးတို့ကိုကိုင်ဆောင်လျက်လိုက်ကြ၏။ ကျမ်းတတ်မြောက်သူဧဇရကဤလူစုတို့လှည့်လည်ရာတွင်ဦးစီးခေါင်းဆောင်ပြုလေသည်။-
တစ်နေ့သ၌ယုဒအနွယ်ဝင်အချို့တို့သည် ဂိလဂါလမြို့တွင်ရှိသော ယောရှုထံသို့ရောက် ရှိလာကြလေသည်။ သူတို့အနက်မှကေနက် အမျိုးယေဖုန္နာ၏သားကာလက်ကယောရှု အား``ကာဒေရှဗာနာအရပ်တွင်ထာဝရ ဘုရားသည် မိမိ၏အစေခံမောရှေအား ကိုယ်တော်နှင့်အကျွန်ုပ်ကိုရည်ဆောင်၍မိန့် တော်မူသောစကားကိုကိုယ်တော်သတိရ ပါလိမ့်မည်။-