Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 11:30

Common Language Bible

ဇာ​နော​မြို့၊အ​ဒုံ​လံ​မြို့​နှင့်​ထို​မြို့​များ​အ​နီး ရှိ​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊ လာ​ခိ​ရှ မြို့​နှင့်​အ​နီး​အ​နား​ရှိ​လယ်​ယာ​များ၊ အ​ဇေ ကာ​မြို့​နှင့်​အ​နီး​အ​နား​ရှိ​ကျေး​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။ အ​ချုပ်​အား ဖြင့်​ဆို​သော်​ယု​ဒ​ပြည်​သူ​တို့​သည်​တောင် ဘက်​ရှိ​ဗေ​ရ​ရှေ​ဘ​မြို့​နှင့်​မြောက်​ဘက်​ဟိန္နုံ ချိုင့်​ဝှမ်း​စပ်​ကြား​ရှိ​နယ်​မြေ​တွင်​နေ​ထိုင် ကြ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​အာ​ဗြ​ဟံ​သည် အ​စား​အ​စာ​နှင့်​ရေ​ဘူး​ကို​ဟာ​ဂ​ရ​အား​ပေး လေ​၏။ သူ​ငယ်​ကို​လည်း​ကျွန်​မ​၏​ပ​ခုံး​ပေါ်​တွင် တင်​၍​အိမ်​မှ​ထွက်​ခွာ​သွား​စေ​၏။ ဟာ​ဂ​ရ​သည် လည်း​အိမ်​မှ​ထွက်​ခွာ​ခဲ့​ရာ​ဗေ​ရ​ရှေ​ဘ​ဟု​ခေါ် သော​တော​ကန္တာ​ရ​သို့​ရောက်​လေ​၏။-

ဣ​ရှ​မေ​လ​၏​သား​တို့​သည်​အ​နွယ်​တစ်​ဆယ့် နှစ်​မျိုး​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၍ သူ​တို့​နေ ထိုင်​ရာ​ကျေး​ရွာ​နှင့်​စ​ခန်း​ချ​ရာ​အ​ရပ်​များ ကို​သူ​တို့​၏​နာ​မည်​များ​ဖြင့်​ခေါ်​တွင်​ကြ​လေ သည်။-

နောက်​တစ်​ဖန်​မည်​သူ​မျှ​မော​လုတ်​ဘု​ရား အား သား​သ​မီး​ကို​မီး​ဖြင့်​မ​ပူ​ဇော်​နိုင်​စေ​ရန် ယော​ရှိ​မင်း​သည်​ဟိန္နုံ​ချိုင့်​ဝှမ်း​ရှိ​ရုပ်​တု​ကိုး ကွယ်​ရာ​တော​ဖက်​ဟု​ခေါ်​သော​အ​ရပ်​ကို လည်း​ညစ်​ညမ်း​စေ​တော်​မူ​၏။-

အင်​ရိမ္မုန်​မြို့၊ ဇာ​ရ​မြို့၊ ယာ​မုတ်​မြို့၊

ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​ဂေ​ဗ​မြို့၊ မိတ် မတ်​မြို့၊ အာ​ဣ​မြို့၊ ဗေ​သ​လ​မြို့​နှင့်​အ​နီး အ​နား​ရှိ​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊-

ဟာ​နုန်​နှင့်​ဇာ​နော​မြို့​သား​တို့​သည် ချိုင့် တံ​ခါး​ကို​ပြန်​လည်​တည်​ဆောက်​ပြီး​လျှင် တံ​ခါး​ရွက်​များ၊ တံခါး​ပိတ်​ရန်​မင်း​တုပ် များ​နှင့်​ကန့်​လန့်​ကျင်​များ​ကို​တပ်​ဆင်​ကြ​၏။ ထို့​နောက်​မြို့​ရိုး​ပေ​တစ်​ထောင့်​ငါး​ရာ​ကို အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​ပြင်​ဆင်​ကြ​၏။

ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက် ခွာ​ပြီး​လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို တိုက်​ခိုက်​လျက်​ရှိ​ကြောင်း​ကြား​သိ​သော အ​ခါ၊ အာ​ရှု​ရိ​ဗိုလ်​ချုပ်​သည်​မင်း​ကြီး​နှင့် ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ သည်။-

အိုး​ကွဲ​မြို့​တံ​ခါး​ကို​ဖြတ်​၍​ပင်​ဟိန္နုံ​ချိုင့်​ဝှမ်း သို့​သွား​ရောက်​ရန်​မှာ​ကြား​တော်​မူ​၏။ ထို​အ​ရပ် တွင် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​ရန်​ဖြစ်​၏။-

သို့​ဖြစ်​၍​ဤ​အ​ရပ်​သည်​တော​ဖက်​ဟူ​၍​မ​ခေါ်၊ ဟိန္နုံ​ချိုင့်​ဝှမ်း​ဟူ​၍​မ​ခေါ်၊ ကွပ်​မျက်​ရာ​ချိုင့်​ဟူ ၍​ခေါ်​ရ​မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည် ကို သ​တိ​ပြု​ကြ​လော့​ဟု​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။-

သူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ​အား မော​လုပ်​ဘု​ရား​ကို​ယဇ်​ပူ​ဇော်​ရန်​ဟိန္နုံ​ချိုင့် ဝှမ်း​တွင် ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​ကြ​၏။ ဤ​အ​မှု​ကို​ပြ​ရန်​သူ​တို့ အား​ငါ​မ​ခိုင်း​စေ​ခဲ့။ သူ​တို့​သည်​ယု​ဒ​ပြည် သား​တို့​အား​ဤ​သို့​အပြစ်​ကူး​လွန်​ရန်​ပို့ ဆောင်​လမ်း​ပြ​ကြ​လိမ့်​မည်​ဟု​လည်း အ​ဘယ် အ​ခါ​က​မျှ​ငါ​မ​တွေး​တော​မိ​ခဲ့'' ဟု မိန့်​တော်​မူ​၏။

မ​ရေ​ရှ​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​ကို​ရန်​သူ့​လက်​သို့​အပ်​တော် မူ​မည်။ ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​သည် အ​ဒု​လံ​ဥ​မင်​လှိုဏ်​ခေါင်း​သို့​ထွက်​ပြေး ပုန်း​အောင်း​ရ​လိမ့်​မည်။-

သို့​ဖြစ်​၍​ယေ​ရု​ရှ​လင်​မြို့​ဘု​ရင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်​ဟေ​ဗြုန်​ဘု​ရင်​ဟော​ဟံ၊ ယာ​မုတ်​ဘု​ရင်​ဝိ​ရံ၊ လာ​ခိ​ရှ​ဘု​ရင်​ယာ​ဖျာ၊ ဧ​ဂ​လုန်​ဘု​ရင်​ဒေ​ပိ​ရ​တို့​ထံ​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​၍၊-

ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏​မြို့​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​တည်​ရာ တောင်​ကုန်း​တောင် ဘက်​ရှိ​ဟိန္နုန်​ချိုင့်​ဝှမ်း​အ​နောက်​ဘက်​တောင် ကုန်း​ကို​ကျော်​ဖြတ်​သွား​၏။-

ထို​နောက်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​မြောက်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​အ​နီး​တောင်​ခြေ​သို့​ရောက်​သည်။ တစ် ဖန်​ယေ​ဗု​သိ​တောင်​တန်း​တောင်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​တောင်​ဘက်​အင်္ရော ဂေ​လ​ရွာ​သို့​ရောက်​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ