နေဟမိ 11:17Common Language Bibleဇာဗဒိ၏မြေး၊ မိက္ခာ၏သားမဿနိ။ သူသည် အာသပ်မှဆင်းသက်လာသူဖြစ်၏။ သူသည် ကျေးဇူးတော်ချီးမွမ်းရာဆုတောင်းပတ္ထနာ သီချင်းကိုသီဆိုရာတွင်ဗိမာန်တော်သီ ချင်းအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက် သူဖြစ်၏။ မဿနိ၏လက်ထောက်ဗာကဗုကိ။ ဂလာလ၏မြေး၊ ရှမွာ၏သားသြဗဒိ။ သူ သည်ယေဒုသုန်မှဆင်းသက်လာသူဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဟာရှဘိ၊ ရှေရဘိ၊ ယောရှု၊ ဗိနွိ နှင့်ကပ်မျေလတို့၏ညွှန်ကြားအုပ်ချုပ်မှုကိုခံယူကာ လေဝိအနွယ်ဝင်တို့သည်အစုများခွဲ၍တာဝန်ယူရကြ၏။ သူတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်ပေးအပ်သည့်ညွှန်ကြားချက်များနှင့်အညီ တစ်ကြိမ်လျှင်နှစ်စုကျအတုန့်အပြန်ဘုရားသခင်အားထောမနာပြုလျက်ကျေးဇူးတော်ကိုချီးမွမ်းရကြလေသည်။