Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 11:14

Common Language Bible

ဤ​သား​ချင်း​စု​တွင်​ထူး​ချွန်​သော​စစ်​သူ​ရဲ တစ်​ရာ​နှစ်​ဆယ့်​ရှစ်​ယောက်​ရှိ​၏။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ရေး​ပါ​အ​ရာ​ရောက်​သည့်​အိမ် ထောင်​စု​ဝင် ဇာ​ဗ​ဒေ​လ​ဖြစ်​၏။ အာ​ဇ​ရိ​ကံ​၏​မြေး၊ ဟာ​ရှုပ်​၏​သား​ရှေ​မာ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​ဟာ​ရှ​ဘိ​နှင့်​ဗုန္နိ​တို့ ပါ​ဝင်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သြ​ဗ​ဒေ​ဒုံ​၏​သား​ဦး​ရှေ​မာ​ယ​တွင်​စွမ်း​ရည် ကြီး​မား​သ​ဖြင့် မိ​မိ​တို့​ဆွေ​မျိုး​စု​၌​အ​ရေး ပါ​အ​ရာ​ရောက်​သည့်​သား​များ​ရှိ​လေ​သည်။ သူ တို့​၏​နာ​မည်​များ​မှာ​သြ​သ​နိ၊ ရေ​ဖေ​လ၊ သြ​ဗက်၊ ဧ​လာ​ဇာ​ဗဒ်၊ ဧ​လိ​ဟု​နှင့်​သေ​မ​ခိ ဟူ​၍​ဖြစ်​၏။ နောက်​ဆုံး​ဖော်​ပြ​သူ​နှစ်​ဦး​မှာ အ​ထူး​ပင်​အ​စွမ်း​အ​စ​ကောင်း​သူ​များ ဖြစ်​ကြ​၏။

အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​သည့်​ယဇ်​ပု​ရော ဟိတ်​တို့​၏​အ​ရေ​အ​တွက်​မှာ စု​စု​ပေါင်း​တစ် ထောင့်​ခု​နစ်​ရာ​ခြောက်​ဆယ်​ဖြစ်​၏။ သူ​တို့​သည် ဗိ​မာန်​တော်​အ​တွင်း​၌​ဆောင်​ရွက်​ရ​သော​အ​မှု ကိစ္စ​မှန်​သ​မျှ​တို့​တွင်​အ​ထူး​ကျွမ်း​ကျင်​သူ များ​ဖြစ်​ကြ​၏။

ဤ​သား​ချင်း​စု​မှ​လူ​ပေါင်း​နှစ်​ရာ​လေး​ဆယ် နှစ်​ယောက်​တို့​သည်​အိမ်​ထောင်​ဦး​စီး​များ​ဖြစ် ကြ​၏။ အ​ဟ​ဇိ​၏​မြေး၊အာ​ဇ​ရေ​လ​၏​သား​အာ​မ​ရှဲ။ သူ​၏​ဘိုး​ဘေး​များ​တွင်​မေ​ရှိ​လ​မုတ်​နှင့် ဣ​မေ​ရ​တို့​ပါ​ဝင်​သည်။-

ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ကို ကွပ်​ကဲ​အုပ်​ချုပ်​သူ​မှာ​ဟာ​ရှ​ဘိ​၏ မြေး၊ ဗာ​နိ​၏​သား​သြ​ဇိ​ဖြစ်​၏။ သူ​၏​ဘိုး​ဘေး များ​တွင်​မ​ဿ​နိ​နှင့်​မိက္ခာ​တို့​ပါ​ဝင်​၏။ သူ​သည် ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု​ဆိုင်​ရာ​ဂီ​တ တာ​ဝန်​ခံ​ဖြစ်​သည့်​အာ​သပ်​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။-

သူ​တို့​၏​နောက်​မှ​မာ​သေ​ယ၊ ရှေ​မာ​ယ၊ ဧ​လာ​ဇာ၊ သြ​ဇိ ၊ ယော​ဟ​နန်၊ မာ​လ​ခိ​ယ၊ ဧ​လံ​နှင့်​ဧ​ဇာ​တို့​က​လိုက်​ကြ​၏။ ယေ​ဇ​ရာ​ဟိ​ခေါင်း​ဆောင်​သော​သီ​ချင်း​သည်​များ​သည်​အ​သံ​ကုန်​ဟစ်​၍​သီ​ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ