သီဘီမြို့သည်ဆူဒန်နှင့်အီဂျစ်ကိုအုပ်စိုးသည်။ တိုင်းမသိသောတန်ခိုးအာဏာနှင့်ပြည့်စုံပေ သည်။ လိဗုပြည်သည်အီဂျစ်ပြည်၏မဟာ မိတ်ဖြစ်သော်လည်း၊-
ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။-
ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လိဘိယနှင့်ခါနာန်တို့သည်မိမိတို့၏နာမည် အသီးသီးကို ဆောင်ကုန်သောအမျိုးသား တို့၏ဘိုးဘေးများဖြစ်ကြ၏။-
သူသည်စစ်ရထားတစ်ထောင့်နှစ်ရာ၊ မြင်းစီး သူရဲခြောက်သောင်းနှင့်လိဗုပြည်သား၊ သုကိ ပြည်သား၊ ဆူဒန်ပြည်သားတို့အပါအဝင် မရေမတွက်နိုင်သောစစ်သည်တော်များပါ ရှိသည့်တပ်မတော်ကြီးကိုခေါင်းဆောင်၍ လာ၏။-
ဆူဒန်နှင့်လိဗုအမျိုးသားတို့တွင်စစ်ရထား နှင့် မြင်းစီးသူရဲအမြောက်အမြားပါဝင် သည့်တပ်မတော်များရှိခဲ့ကြသည်မဟုတ် ပါလော။ ဘုရင်မင်းသည်ထာဝရဘုရားကို အားကိုးခဲ့သဖြင့် ကိုယ်တော်သည်ဘုရင်မင်း အားထိုတပ်မတော်တို့ကိုနှိမ်နင်းခွင့်ပေး တော်မူခဲ့၏။-
ဆူဒန်ပြည်ကိုယုံကြည်ကိုးစားကာ အီဂျစ်ပြည် အကြောင်းကိုဝါကြွားပြောဆိုကြသူတို့သည် မျှော်လင့်ခြင်းပျက်ပြားလျက် အမြင်မှန်ရရှိ လာကြလိမ့်မည်။-
မြင်းများတို့တက်ကြလော့။ ရထားများတို့၊အပြင်းနှင်ကြလော့။ ဒိုင်းလွှားကိုင်ဆောင်သူဆူဒန်ပြည်သားနှင့် လစ်ဗျားပြည်သားတို့လုဒပြည်သားလေး သည်တော် အစရှိသည့် စစ်သည်တော်တို့ထွက်သွားကြလော့' ဟုဆို၏'' ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။
``ပေရသိပြည်၊ လုဒပြည်၊ ဖုတပြည်တို့မှစစ် သူရဲများသည်သင်၏တပ်မတော်တွင်အမှု ထမ်းကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များနှင့်သံခမောက်များကိုသင်၏စစ်တန်း လျားများတွင်ဆွဲချိတ်ထားကြ၏။ သူတို့ သည်ကားသင်၏ဂုဏ်အသရေကိုတိုးစေ သူများဖြစ်ကြ၏။-
သူတို့သည်သင်၏အပေါ်သို့အားပြုလိုက် သောအခါ သင်သည်ကျိုးပြတ်၍သူတို့၏ ပခုံးများကိုထိရှကာသူတို့၏ခါးများ ကိုလိမ်ဆွဲစေ၏။-
``စစ်ပွဲတွင်ကုရှပြည်၊ ဖုတပြည်၊ လုဒပြည်၊ အာရေဗျပြည်နှင့်ခုဘပြည်တို့မှအငှား စစ်သည်များနှင့် ငါ၏လူမျိုးတော်အထဲ မှပင်လျှင်အချို့သောသူတို့ကျဆုံးကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် နှင့်သူ၏ပြည်သူတို့အားဆင့်ဆိုရမည်မှာ သင်တို့သည်လွန်စွာတန်ခိုးကြီးကြပါ ပေသည်။ သင်တို့အားအဘယ်သို့နှိုင်းယှဉ်၍ပြရ မည်နည်း။
ပါရှပြည်သား၊ ကုရှပြည်သားနှင့်ဖုတ ပြည်သားတို့သည်သူနှင့်အတူလိုက်ပါ လာကြ၏။ သူတို့အားလုံးပင်ဒိုင်းလွှား များကိုကိုင်ဆောင်ကာသံခမောက်များ ကိုဆောင်းထားကြ၏။-
သူသည်အီဂျစ်ပြည်တွင်လျှို့ဝှက်ထား သည့်ရွှေငွေဘဏ္ဍာများနှင့် အခြားအဖိုး ထိုက်သည့်ပစ္စည်းဥစ္စာများကိုသိမ်းယူသွား လိမ့်မည်။ လစ်ဗျားနှင့်ဆူဒန်နိုင်ငံတို့ကို လည်းနှိမ်နင်းအောင်မြင်လိမ့်မည်။-