နာဟုံ 3:7Common Language Bibleသင့်ကိုမြင်သူအပေါင်းတို့သည်နောက်သို့ တွန့်ဆုတ်သွားလိမ့်မည်။ သူတို့က``နိနေဝေမြို့သည်ယိုယွင်း ပျက်စီးလျက်နေလေပြီ။ ထိုမြို့အားအဘယ်သူကကရုဏာသက် ပါလိမ့်မည်နည်း။ အဘယ်သူသည်နှစ်သိမ့်မှုကိုပေးလို ပါမည်နည်း'' ဟုဆိုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
`ငါတို့သည်ဗာဗုလုန်မြို့ကိုကူမရန်ကြိုး စားကြပါသော်လည်းများစွာနောက်ကျ၍ နေလေပြီ။ လာကြ။ ထိုမြို့မှထွက်ခွာ၍ငါ တို့ပြည်သို့ပြန်ကြကုန်အံ့။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ဖြင့်ဗာဗုလုန်မြို့ကိုအ ပြစ်ဒဏ်စီရင်တော်မူပြီ။ လုံးဝသုတ်သင် ဖျက်ဆီးတော်မူပြီ' ဟုဆိုကြ၏။