Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နာ​ဟုံ 3:5

Common Language Bible

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က ``အို နိ​နေ​ဝေ​မြို့​ငါ​သည်​သင့်​ကို​အ​ပြစ်​ဒဏ် ခတ်​မည်။ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စေ​၍၊လူ​မျိုး​တ​ကာ တို့​အား ရှု​ကြည့်​ခွင့်​ပေး​မည်။ သင်​အ​ရှက်​ကွဲ​သည်​ကို​နိုင်​ငံ​များ တွေ့​မြင်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​၍​သင်​တို့​က``ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​ကြောင့်​ဖြစ်​ပျက်​ရ​ပါ​မည်​နည်း။ ငါ တို့​၏​အ​ဝတ်​များ​သည်​အ​ဘယ်​ကြောင့်​စုတ် ပြတ်​သွား​ရ​ပါ​သ​နည်း။ ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​နှောင့်​အ​ယှက်​ခံ​ရ​ကြ​ပါ​သ​နည်း'' ဟူ​၍​မေး​ပါ​မူ``သင်​တို့​၏​အ​ပြစ်​သည် ကြောက်​လန့်​ဖွယ်​ကောင်း​လှ​သော​ကြောင့် ဖြစ်​သည်'' ဟု​ဖြေ​ကြား​ရ​ပေ​မည်။-

ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​သင်​တို့ ၏​အ​ဝတ်​များ​ကို​ဆွဲ​ချွတ်​တော်​မူ​၍ သင် တို့​အား​အ​ရှက်​ကွဲ​စေ​တော်​မူ​လိမ့်​မည်။-

``အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​မာန်​မာ​န​နှင့် ပြည့်​ဝ​လျက်​နေ​သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့် ကို​အ​တိုက်​အ​ခံ​ပြု​မည်။ သင့်​အား​ငါ အ​ပြစ်​ဒဏ်​ခတ်​ရ​မည့်​နေ့​ရက်​ကာ​လ သည်​ကျ​ရောက်​လာ​လေ​ပြီ။-

ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​နှစ်​သက် သော​သင်​၏​ချစ်​သူ​များ​ကို​စု​ဝေး​စေ​ပြီး နောက် သင်​ချစ်​သူ​မုန်း​သူ​အား​လုံး​ကို​စု ဝေး​စေ​ပြီး​လျှင်​သင့်​အား​ဝန်း​ရံ​၍​နေ​စေ မည်။ ထို​နောက်​သင်​၏​အ​ဝတ်​များ​ကို​ချွတ် ၍ သင်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​နေ​ပုံ ကို​ပြ​မည်။-

လူ​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ ၏​ရန်​သူ​ဖြစ်​ကြောင်း ငါ​၏​ဋ္ဌား​လွယ်​အိမ်​မှ ဋ္ဌား​တော်​ကို​ထုတ်​ယူ​၍ သူ​တို့​အ​ပေါင်း​အား လူ​ဆိုး​လူ​ကောင်း​မ​ရွေး​သုတ်​သင်​ပစ်​မည် ဖြစ်​ကြောင်း၊-

ငါ​သည်​မ​နာ​လို​၍​အ​မျက်​ထွက်​သ​ဖြင့်​သင့် ကို​အ​မျက်​ဒေါ​သ​နှင့်​စီ​ရင်​ရန်​သူ​တို့​အား ခွင့်​ပြု​မည်။ သူ​တို့​သည်​သင်​၏​နှာ​ခေါင်း​နှင့်​နား ရွက်​တို့​ကို​ဖြတ်​၍ ကျန်​ရှိ​နေ​သေး​သော​သူ​များ သည်​ဋ္ဌား​ဖြင့်​သေ​ရ​မည်။ သင်​၏​သား​သ​မီး​များ ကို​ယူ​ဆောင်​သွား​ကြ​လိမ့်​မည်။ သူ​တို့​သည် အ​မှန်​ပင်​ကျန်​ရှိ​နေ​သေး​သော​သူ​များ​ကို မီး​ရှို့​ကြ​လိမ့်​မည်။-

သူ​တို့​သည်​သင့်​ကို​မုန်း​၍​သင်​စု​ဆောင်း​ထား သ​မျှ​သော​ပစ္စည်း​ဥစ္စာ​တို့​ကို​ယူ​၍ သင့်​အား အ​ဝတ်​အ​ချည်း​စည်း​နှင့်​ထား​ခဲ့​ကြ​လိမ့်​မည်။ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သူ​ပြည့် တန်​ဆာ​ကဲ့​သို့​ဖြစ်​စေ​ကြ​လိမ့်​မည်။ သင်​သည် တ​ဏှာ​ရာ​ဂ​စိတ်​ရှိ​မှု​ကြောင့်၊ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​ကိုင်​မှု​ကြောင့်၊-

``သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ချင်း​တု​ရု​မြို့၊ ငါ သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​အား​တိုက်​ခိုက် ကြ​စေ​ရန်​လူ​မျိုး​တ​ကာ​တို့​ကို​ငါ​ခေါ် ဆောင်​ခဲ့​မည်။ သူ​တို့​သည်​ပင်​လယ်​လှိုင်း​လုံး များ​သ​ဖွယ်​သင်​ရှိ​ရာ​သို့​ချီ​တက်​လာ ကြ​လိမ့်​မည်။-

ရှ​ဖိ​ရ​မြို့​သား​တို့၊ အ​ဝတ်​အ​ချည်း​စည်း ဖြင့်​အ​ရှက်​ကွဲ​လျက်​သုံ့​ပန်း​အ​ဖြစ်​ရောက် ကြ​လော့။ ဇာ​နန်​မြို့​သား​တို့​သည်​မြို့​ပြင် သို့​မ​ထွက်​ဝံ့​ကြ။ ဗေ​သ​ဇေ​လ​မြို့​သား တို့​ငို​ကြွေး​သံ​ကို​သင်​တို့​ကြား​ရ​သော အ​ခါ ထို​မြို့​တွင်​သင်​တို့​ခို​လှုံ​နိုင်​မည် မ​ဟုတ်​ကြောင်း​သိ​ရ​လိမ့်​မည်။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည် သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​ရ​ထား​များ​ကို​ငါ မီး​ရှို့​ပစ်​မည်။ သင်​၏​စစ်​သည်​တပ်​သား​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တစ်​ပါး တို့​ထံ​မှ သင်​သိမ်း​ယူ​ထား​သည့်​ဥစ္စာ​ပစ္စည်း မှန်​သ​မျှ​ကို​ငါ​ဖယ်​ရှား​မည်။ သင်​၏​သံ​တ​မန် တို့​၏​တောင်း​ဆို​သံ​များ​ကို​ကြား​ကြ​ရ တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​မှု​အ​စား၊ အ​ရှက်​% ရ​ရန်​အ​လှည့်​ကြုံ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင်​% မူး​ယစ်​ကာ​အ​ရှက်​မဲ့​၍​နေ​လိမ့်​မည်။ ထာ​ဝ​ရ​% ဘု​ရား​သည်​သင်​တို့​အား အ​ပြစ်​ဒဏ်​စ​ပျစ်​% ရည်​ကို​ပင်​လျှင် ပြန်​၍​သောက်​စေ​တော်​မူ​လျက် % သင်​တို့​ဂုဏ်​အ​သ​ရေ​ရှိ​မှု​ကို​အ​ရှက်​ရ​မှု​% အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။-%




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ