Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နာ​ဟုံ 3:3

Common Language Bible

မြင်း​စီး​သူ​ရဲ​တို့​သည်​တစ်​ဟုန်​တည်း​တိုက်​ခိုက်​ကြ​ရာ၊ သူ​တို့​၏​ဋ္ဌား​များ​လှံ​များ​သည်​ဝင်း​က​နဲ​လက်​က​နဲ ဖြစ်​၍​နေ​တော့​၏။ မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​သည့် လူ​သေ​အ​လောင်း​တို့​သည်​စု​ပုံ​၍​နေ​၏။ လူ​တို့​သည်​လည်း​ထို​အ​လောင်း​ကောင်​များ​ကို တိုက်​မိ​၍​လဲ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​အ​သက်​ရှင်​စေ​သော​အ​ပင်​အ​နီး သို့​မည်​သူ​မျှ​မ​ချဉ်း​ကပ်​နိုင်​စေ​ရန် လည်​ပတ် လျက်​ရှိ​သော​ဋ္ဌား​မီး​စက်​လက်​နက်​နှင့်​တ​ကွ ခေ​ရု​ဗိမ် တို့​ကို​ဥယျာဉ်​အ​ရှေ့​ဘက်​တွင်​အ​စောင့်​ချ ထား​တော်​မူ​၏။

ထို​ည​၌​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား​တစ်​သိန်း ရှစ်​သောင်း​ငါး​ထောင်​ကို​ဒဏ်​ခတ်​သ​ဖြင့် နောက် တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌​ထို​သူ​အ​ပေါင်း တို့​သည်​သေ​လျက်​နေ​ကြ​၏။-

သူ​တို့​၏​အ​လောင်း​များ​သည်​မြှုပ်​နှံ​ခြင်း​ကို မ​ခံ​ရ​ဘဲ မြေ​ပေါ်​တွင်​လဲ​လျက်​ပုပ်​စပ်​နံ​စော် ၍​နေ​လိမ့်​မည်။ တောင်​တို့​သည်​လည်း​သွေး​များ ဖြင့်​နီ​ရဲ​လျက်​နေ​လိမ့်​မည်။-

ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-

အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​သူ​အ​ပေါင်း​တို့ အား ကိုယ်​တော်​သည်​မီး​အား​ဖြင့်​လည်း​ကောင်း၊ ဋ္ဌား​လက်​နက်​အား​ဖြင့်​လည်း​ကောင်း​ဆုံး​မ တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည်​လည်း​သေ ကြေ​ရကြ​လိမ့်​မည်။

ဂေါ​ဂ​နှင့်​စစ်​သည်​အ​လုံး​အ​ရင်း​တို့​သည် လည်း​ကောင်း၊ သူ​၏​မ​ဟာ​မိတ်​တို့​သည်​လည်း ကောင်း​ဣ​သ​ရေ​လ​တောင်​များ​ပေါ်​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​ငှက်​ရဲ များ​နှင့်​တော​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ မည်။-

လိုက်​လံ​သူ​မ​ရှိ​ဘဲ​တစ်​ဦး​ကို​တစ်​ဦး​တိုက် မိ​၍​လဲ​ကျ​လိမ့်​မည်။ မည်​သည့်​ရန်​သူ​ကို​မျှ ခု​ခံ​တိုက်​ခိုက်​နိုင်​လိမ့်​မည်​မ​ဟုတ်။-

စစ်​မြင်း​ရ​ထား​တို့​သည်​လမ်း​များ​တွင်​အ​ပြင်း နှင်​ကာ၊ လူ​ထု​စု​ဝေး​ရာ​ကွက်​လပ်​များ​တွင် အ​စုံ​အ​ဆန်​ပြေး​ကြ​ကုန်​၏။ ယင်း​တို့​သည်​မီး​ရှူး​တိုင်​များ​သ​ဖွယ် တောက်​ပ​လျက်၊ လျှပ်​စစ်​ပြက်​သ​ကဲ့​သို့​လျင်​မြန်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ