Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နာ​ဟုံ 2:5

Common Language Bible

တပ်​မှူး​တို့​ကို​ဆင့်​ခေါ်​လိုက်​သော​အ​ခါ သူ​တို့​သည်​ခ​လုတ်​တိုက်​၍​ပြို​လဲ​မ​တတ် ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ ထိုး​စစ်​ဆင်​သူ​တို့​သည်​မြို့​ရိုး​ရှိ​ရာ​သို့ အ​လျင်​အမြန် ပြေး​လာ​ပြီး​လျှင်၊ဒိုင်း​လွှား​များ​ဖြင့် အ​ကွယ်​အ​ကာ​ယူ​ကာ​ခံ​တပ်​ဖြို​သော တင်း​ပုတ်​ကြီး​များ​ကို​တပ်​ဆင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ည​စာ​စား​ပွဲ​ကြီး​တစ် ခု​အ​သင့်​ပြင်​ဆင်​ထား​သည်​ကို​ငါ​မြင်​ရ​၏။ ဧည့်​သည်​တို့​ထိုင်​ရန်​အ​တွက်​ကော်​ဇော​များ ကို​ခင်း​ထား​လေ​သည်။ သူ​တို့​သည်​စား​သောက် လျက်​နေ​ကြ​စဉ်``တပ်​မှူး​တို့၊ သင်​တို့​၏​ဒိုင်း​လွှား များ​ကို​အ​သင့်​ပြင်​ကြ​လော့'' ဟူ​သော​အ​မိန့် တော်​တစ်​ရပ်​ရုတ်​တ​ရက်​ထွက်​ပေါ်​၍​လာ​၏။

သူ​တို့​တွင်​မော​ပန်း​သူ၊ ခြေ​ချော်​သူ​ဟူ​၍ မ​ရှိ။ ငိုက်​မြည်း​သူ၊ အိပ်​ပျော်​သူ​လည်း​မ​ရှိ။ သူ​တို့​၏​ခါး​စည်း​များ​သည်​မ​ပြေ။ ဖိ​နပ် ကြိုး​များ​သည်​လည်း​မ​ပြတ်။-

လူ​မျိုး​တ​ကာ​တို့​သည်​သင်​တို့​အ​ရှက်​ကွဲ​မှု​ကို ကြား​သိ​ကြ​လေ​ပြီ။ သင်​တို့​ငို​ကြွေး​သံ​ကို​လူ​တိုင်း​ကြား​ရ​ကြ​၏။ စစ်​သူ​ရဲ​သည်​တစ်​ဦး​နှင့်​တစ်​ဦး​တိုက်​မိ​သ​ဖြင့် နှစ်​ဦး​စ​လုံး​မြေ​ပေါ်​သို့​လဲ​ကျ​ကြ​လေ​ပြီ။

``ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​ရန်​လေး​သ​မား တို့​အား​ပြော​ကြား​ကြ​လော့။ လေး​နှင့်​မြား ကို​အ​သုံး​ပြု​တတ်​သူ​မှန်​သ​မျှ​ကို​စေ​လွှတ် ကြ​လော့။ မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​လော့။ အ​ဘယ် သူ​မျှ​ထွက်​မ​ပြေး​စေ​နှင့်။ ထို​မြို့​သား​တို့​အား လက်​စား​ချေ​ကြ​လော့။ သူ​တို့​သည် သူ​တစ်​ပါး တို့​အား​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​တိုင်း​သူ​တို့ အား​ပြု​ကျင့်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို သော်​သူ​တို့​သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ဖြစ်​သူ​ငါ့​ကို​မာ​န​ထောင်​လွှား​စွာ​ဆန့် ကျင်​ခဲ့​ကြ​ပြီ။-

မြစ်​အ​နီး​ရှိ​မြို့​တံ​ခါး​များ​သည်​ရုတ်​တ​ရက် ပွင့်​ထွက်​လာ​လေ​ပြီ။ နန်း​တော်​တွင်​လည်း​ကြောက်​စိတ်​လွှမ်း​လျက် နေ​တော့​၏။

အို အာ​ရှု​ရိ​ဘု​ရင်​သင်​၏​ဘု​ရင်​ခံ​များ​သည် အိပ်​ငိုက်​ကြ​လေ​ပြီ။ သင်​၏​မှူး​မတ်​များ​သည် လည်း​ထာ​ဝ​ရ​အိပ်​ပျော်​လျက်​နေ​ကုန်​၏။ သင် ၏​ပြည်​သူ​တို့​သည်​တောင်​များ​ပေါ်​တွင်​ကွဲ လွင့်​လျက်​ရှိ​ရာ​သူ​တို့​အား​မိ​မိ​တို့​ပြည် သို့​တစ်​ဖန်​ပြန်​လည်​ခေါ်​ဆောင်​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။-

မြင်း​စီး​သူ​ရဲ​တို့​သည်​တစ်​ဟုန်​တည်း​တိုက်​ခိုက်​ကြ​ရာ၊ သူ​တို့​၏​ဋ္ဌား​များ​လှံ​များ​သည်​ဝင်း​က​နဲ​လက်​က​နဲ ဖြစ်​၍​နေ​တော့​၏။ မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​သည့် လူ​သေ​အ​လောင်း​တို့​သည်​စု​ပုံ​၍​နေ​၏။ လူ​တို့​သည်​လည်း​ထို​အ​လောင်း​ကောင်​များ​ကို တိုက်​မိ​၍​လဲ​ကြ​၏။

``သူ​တို့​၏​မြင်း​များ​သည်​ကျား​သစ်​ထက်​လျင်​မြန်​၍ အ​စာ​ဆာ​လောင်​နေ​သော​ဝံ​ပု​လွေ​ထက်​ပင်​ကြောက်​မက်​ဖွယ်​ကောင်း​၏။ မြင်း​စီး​သူ​ရဲ​တို့​သည်​မြင်း​များ​ကို ရပ်​ဝေး​မှ​အ​ပြင်း​နှင်​၍​လာ​ကြ​၏။ သူ​တို့​၏​မြင်း​များ​သည်​မြေ​ကို​ခွာ​ဖြင့်​ရှပ်​ကြ​၏။ သူ​တို့​သည်​အ​စာ​ကို​ချီ​သုတ်​မည့်​လင်း​ယုန်​ငှက်​ကဲ့​သို့​တစ်​ရှိန်​ထိုး​မောင်း​နှင်​လာ​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ