နာဟုံ 2:3Common Language Bibleရန်သူစစ်သူရဲတို့သည်ဒိုင်းလွှားနီများ ကိုကိုင်ဆောင်ကာ ဆင်တူဝတ်စုံနီများကိုဝတ်ဆင်ထားကြ၏။ သူတို့သည်တိုက်ခိုက်ရန်အသင့်ပြင်ဆင်လျက် ရှိကြ၏။ သူတို့၏စစ်မြင်းရထားများသည်မီးလျှံ သဖွယ် တောက်ပလျက်၊ သူတို့၏မြင်းများသည်ခုန်ပေါက်၍နေကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်စစ်လက်နက်စစ်မြင်းရထားများ၊ ရိက္ခာလှည်းများကိုယူဆောင်ကာ ကြီးမားသော စစ်သည်အလုံးအရင်းနှင့်သင့်အားတိုက်ခိုက် ကြလိမ့်မည်။ ဒိုင်းလွှားများကိုကိုင်ဆောင်လျက် သံခမောက်များကိုဆောင်း၍သင့်ကိုဝိုင်းရံ ကြလိမ့်မည်။ ငါသည်သင့်အားသူတို့၏လက် သို့ပြစ်ဒဏ်ခံရန်အပ်နှံမည်။ သူတို့သည် လည်းမိမိတို့တရားဥပဒေများအရ သင့်ကိုတရားစီရင်ကြလိမ့်မည်။-
အရှင်ထာဝရဘုရားက``ဘုရင်တကာတို့ တွင် အကြီးမြတ်ဆုံးဖြစ်သည့်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာအား တုရုမြို့ကို တိုက်ခိုက်ရန်ငါခေါ်ဆောင်ခဲ့မည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်လျက်၊ မြင်း များစစ်မြင်းရထားများ၊ မြင်းစီးသူရဲ များနှင့်တကွကြီးမားသောစစ်သည် အလုံးအရင်းနှင့်မြောက်အရပ်မှချီ တက်လာလိမ့်မည်။-