နာဟုံ 1:4Common Language Bibleကိုယ်တော်သည်ပင်လယ်ကိုအမိန့်ပေးတော်မူ သောအခါပင်လယ်ရေသည်ခန်းခြောက်၍ သွား၏။ ကိုယ်တော်သည်မြစ်တို့ကိုလည်း ရေကုန်ခန်းစေတော်မူ၏။ ဗာရှန်တောင်သည်ညှိုးနွမ်းခြောက်သွေ့ကာ ကရမေလတောင်သည်အညိုရောင်သန်း၍ သွား၏။ လေဗနုန်တောင်မှပန်းများသည်လည်း ညှိုးနွမ်းကြကုန်၏။ အခန်းကိုကြည့်ပါ။ |
ကမ္ဘာမြေပြင်ပေါ်တွင်ရှိသမျှသော လူ၊ ငါး၊ ငှက်နှင့်တိရစ္ဆာန်များ၊ မြေပေါ်၌သွားလာ လျက်ရှိသောအခြားသတ္တဝါကြီးငယ် အပေါင်းတို့သည် ငါ့အားကြောက်လန့်တုန် လှုပ်ကြလိမ့်မည်။ တောင်တို့သည်ပြို၍ ကျောက်ဆောင်တို့သည်ကြေမွကာ တံတိုင်း ရှိသမျှတို့သည်လဲကျပျက်စီးလိမ့်မည်။-
ထာဝရဘုရားသည်ကြယ်တာရာ အပေါင်းတို့ကို ဖန်ဆင်းတော်မူ၏။ ခိမကြယ်စုနှင့်ခသိလကြယ်စုကိုလည်း ဖန်ဆင်းတော်မူခဲ့ပြီ။ အမှောင်ကိုအလင်းဖြစ်စေ၍နေ့ကိုလည်း ညအဖြစ်သို့ပြောင်းလဲခဲ့ပြီ။ ပင်လယ်ရေအပေါင်းတို့ကိုခေါ်ယူကာ မြေကြီးပေါ်မှာသွန်းတော်မူခဲ့ပြီ။ ကိုယ်တော်ရှင်၏နာမတော်မှာထာဝရဘုရား ဖြစ်တော်မူ၏။