Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နာ​ဟုံ 1:13

Common Language Bible

သင်​တို့​အား​အာ​ရှု​ရိ​ပြည်​၏​လက်​အောက်​မှ လွတ်​မြောက်​စေ​မည်။ သင်​တို့​ကို​ချည်​နှောင် ထား​သည့်​သံ​ကြိုး​များ​ကို​ဖြတ်​တောက် ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​သူ​တို့​အား​မှောင်​မိုက်​အ​တိ ဖုံး​လွှမ်း​ရာ အ​ရပ်​မှ​ထုတ်​ဆောင်​တော်​မူ​၍ သူ​တို့​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး များ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​အာ​ရှု​ရိ​အ​မျိုး​သား တို့​၏​လက်​မှ​လွတ်​မြောက်​စေ​မည်။ သင်​တို့ ၏​ပ​ခုံး​ပေါ်​တွင်​ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​တော့ မည်​မ​ဟုတ်။ သင်​တို့​သည်​အ​လွန်​ဝ​ဖြိုး လာ​သော​ကြောင့် သင်​တို့​၏​ထမ်း​ပိုး​များ ကျိုး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​မိ​မိ​၏​ဣ​သ​ရေ​လ​ပြည်​တော်​တွင် အာ​ရှု​ရိ​အ​မျိုး​သား​တို့​အား​သုတ်​သင်​ဖျက် ဆီး​၍၊ ငါ​၏​တောင်​ရိုး​များ​အ​ပေါ်​တွင်​သူ တို့​ကို​ခြေ​နှင့်​ကျော်​နင်း​ပစ်​မည်။ ငါ​၏​လူ​မျိုး တော်​အား သူ​တို့​ထမ်း​ရ​ကြ​သည့်​ထမ်း​ပိုး နှင့်​ဒုက္ခ​ဝန်​ထုပ်​များ​မှ​လွတ်​မြောက်​စေ​မည်။-

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် သူ​တို့​ထမ်း​ပိုး​နှင့် သူ​တို့​အား​ရိုက်​သည့်​တုတ်​ကို​ချိုး​ပစ် တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ရှေး​အ​ခါ​က​ကိုယ်​တော်​သည်​မိ​ဒျန်​အ​မျိုး​သား တို့​အား​နှိမ်​နင်း​တော်​မူ​ခဲ့​သည့်​နည်း​တူ၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​နှိပ်​စက်​ညှဉ်း​ဆဲ ကြ​သည့် လူ​မျိုး​အား​နှိမ်​နင်း​တော်​မူ​ပါ​ပြီ။

အို ဣ​သ​ရေ​လ၊သင်​သည်​ရှေး​အ​ခါ​က​ပင်​ငါ​၏ ထမ်း​ပိုး​ကို​ချိုး​၍​ငါ​၏​နှောင်​ကြိုး​များ​ကို​ဖြတ် ခဲ့​၏။ သင်​သည်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ငါ့​အား ဝတ်​မ​ပြု​မ​ကိုး​ကွယ်။ တောင်​မြင့်​ရှိ​သ​မျှ​အ​ပေါ်​၌​လည်း​ကောင်း၊စိမ်း လန်း​သည့် သစ်​ပင်​ရှိ​သ​မျှ​အောက်​၌​လည်း​ကောင်း၊ သင်​သည်​ပြည့်​တန်​ဆာ​ကဲ့​သို့​ပြု​မူ​ခဲ့​လေ​သည်။

ငါ​သည်​တန်​ခိုး​အာ​ဏာ​ရှိ​သူ​တို့​ထံ​သွား​၍​သူ​တို့​အား​ပြော​ဆို​မည်။ သူ​တို့​သည်​အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​ကို​သိ​ရှိ​ကြ​ရာ​၏။ ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ​သည့် စည်း​မျဉ်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို​သိ​ရှိ​ကြ​ရာ​၏'' ဟု​တွေး​တော​မိ​၏။ သို့​ရာ​တွင်​သူ​တို့​အား​လုံး​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ထမ်း​ပိုး​ကို​ချိုး​လျက် နှောင်​ကြိုး​များ​ကို​လည်း​ဖြတ်​ကြ​လေ​ပြီ။

ငါ​သည်​သင်​တို့​အား​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက် စေ​ရန် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။ ငါ​သည်​သင်​တို့​၏​ထမ်း​ပိုး​ကို​ချိုး​၍​သင် တို့​အား​မတ်​မတ်​လျှောက်​စေ​ပြီ'' ဟု​မိန့်​တော် မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ