Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 8:5

Common Language Bible

ငါ​သည်​ဤ​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​စဉ်း​စား​တွေး​တော​လျက်​နေ​စဉ် အ​နောက် အ​ရပ်​မှ​ဆိတ်​တစ်​ကောင်​သည်​ပြေး​၍​ထွက် လာ​၏။ သူ​သည်​အ​ရှိန်​ပြင်း​လှ​သ​ဖြင့်​မြေ ကို​ပင်​မ​နင်း​မိ​ချေ။ သူ​၏​မျက်​လုံး​များ အ​ကြား​တွင်​ငေါ​၍​ထွက်​နေ​သော​ဦး​ချို တစ်​ချောင်း​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

``ထို​အ​ခါ​သူ​ရဲ​ကောင်း​အာ​ဇာ​နည်​မင်း တစ်​ပါး​ပေါ်​ထွန်း​လာ​လိမ့်​မည်။ သူ​သည် အင်​ပါ​ယာ​နိုင်​ငံ​ကြီး​ကို​အုပ်​စိုး​လျက် မိ​မိ​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လိမ့်​မည်။-

ထို​ရုပ်​တု​ကြီး​၏​ဦး​ခေါင်း​သည်​ရွှေ​စင်​ဖြင့် ပြီး​ပါ​၏။ ရင်​ဘတ်​နှင့်​လက်​နှစ်​ဖက်​ကို​ငွေ ဖြင့်​လုပ်​ထား​ပြီး​လျှင် ဝမ်း​နှင့်​ပေါင်​တို့​ကို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-

အ​ရှင်​မ​ရှိ​သည့်​နောက်​၌​အ​ရှင်​၏​အင်​ပါ​ယာ နိုင်​ငံ​တော်​မျှ​လောက် မ​ကြီး​မြတ်​သည့်​အင်​ပါ ယာ​နိုင်​ငံ​တစ်​ခု​တည်​ရှိ​ပါ​လိမ့်​မည်။ ထို​နောက် ကြေး​ဝါ​နိုင်​ငံ​တည်း​ဟူ​သော​တ​တိ​ယ​အင် ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​ပါ​လိမ့်​မည်။ ထို​အင် ပါ​ယာ​နိုင်​ငံ​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို အ​စိုး​ရ​ပါ​လိမ့်​မည်။-

ငါ​သည်​ဆက်​လက်​၍​ကြည့်​ရှု​နေ​စဉ်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​ကျား​သစ်​နှင့်​တူ​၏။ သူ​၏​ကျော​ပေါ်​တွင်​ငှက်​တောင်​ပံ​များ​နှင့်​တူ​သော​အ​တောင်​လေး​ခု​ရှိ​၏။ သူ့​မှာ​ဦး​ခေါင်း​လေး​လုံး​ရှိ​၏။ သူ​သည်​တန်​ခိုး​အာ​ဏာ​ရှိ​ပုံ​ရ​၏။

ဆိတ်​သည်​ဂ​ရိတ်​နိုင်​ငံ​ဖြစ်​၏။ သူ​၏​မျက်​စိ များ​အ​ကြား​မှ​ငေါ​၍​ထွက်​နေ​သော​ဦး​ချို ကား ထို​နိုင်​ငံ​၏​ပ​ထ​မ​မြောက်​ဘု​ရင်​ဖြစ်​၏။-

သူ​သည်​ယ​ခင်​က​မြစ်​အ​နီး​တွင် ငါ​မြင် ခဲ့​သော​သိုး​၏​အ​နီး​သို့​ရောက်​လာ​သော အ​ခါ တစ်​ဟုန်​တည်း​ပြေး​၍​ဝှေ့​လေ​၏။-

ဆိတ်​သည်​ပို​၍​ပို​၍​မာန်​မာ​န​ထောင်​လွှား လာ​၏။ သို့​ရာ​တွင်​သူ​တန်​ခိုး​အ​ကြီး​ဆုံး အ​ချိန်​သို့​ရောက်​သော​အ​ခါ​သူ​၏​ဦး​ချို သည်​ကျိုး​သွား​ပြီး​လျှင် ထို​ဦး​ချို​၏​နေ​ရာ တွင်​အ​ရပ်​လေး​မျက်​နှာ​သို့​ငေါ​ထွက်​နေ သော​ဦး​ချို​လေး​ချောင်း​ပေါက်​၍​လာ​လေ သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ