ဒံယေလ 8:26Common Language Bibleညဥ့်ဦးယံ၊ နံနက်ယံပူဇော်ရာယဇ်များ နှင့်သက်ဆိုင်၍ သင့်အားငါရှင်းလင်းပြသည့် ဤရူပါရုံသည်အကောင်အထည်ပေါ်လာ လိမ့်မည်။ သို့ရာတွင်ယင်းသို့အကောင်အထည် ပေါ်ရန်အချိန်များစွာလိုသေးသဖြင့်ထို ရူပါရုံကိုလျှို့ဝှက်၍ထားလော့'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ပါရှဧကရာဇ်ဘုရင်ကုရုနန်းစံတတိယ နှစ်၌ ဗေလတရှာဇာဟုလည်းနာမည်တွင် သောဒံယေလသည် ဗျာဒိတ်တော်ကိုခံယူ ရရှိ၏။ ထိုဗျာဒိတ်တော်တွင်ပါရှိသည့်ဖော် ပြချက်စကားသည်မှန်ကန်သော်လည်းနား လည်ရန်အလွန်ခက်၏။ ဒံယေလသည်ထို ဖော်ပြချက်စကား၏အနက်ကိုဗျာဒိတ် ရူပါရုံအားဖြင့်သိရှိနားလည်၍လာ၏။
သင့်အားယခုငါပြောပြမည့်အရာ များသည်အမှန်ဖြစ်ပျက်မည်'' ဟုဆို၏။ ကောင်းကင်တမန်က``ပါရှနိုင်ငံတွင်နောက် ထပ်ဘုရင်သုံးပါးပေါ်ထွန်းလာလိမ့်မည်။ ထိုနောက်စတုတ္ထဘုရင်ပေါ်ထွန်းကာ အခြား ဘုရင်များထက်ပို၍ချမ်းသာကြွယ်ဝလိမ့် မည်။ သူသည်မိမိတန်ခိုးအာဏာအကြီး မားဆုံး၊ အချမ်းသာဆုံးအချိန်သို့ရောက် သောအခါ ဂရိတ်နိုင်ငံအားစစ်မက်ပြိုင် ဆိုင်ရန်ဖိတ်ခေါ်လိမ့်မည်။