Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 7:24

Common Language Bible

ဦး​ချို​ဆယ်​ချောင်း​မှာ​ထို​နိုင်​ငံ​တွင်​ပေါ်​ပေါက်​လာ​မည့်​ဘု​ရင်​ဆယ်​ပါး​ဖြစ်​၏။ ထို​နောက်​အ​ခြား​ဘု​ရင်​တစ်​ပါး​ပေါ်​လာ​လိမ့်​မည်။ သူ​သည်​ယ​ခင်​ဘု​ရင်​များ​နှင့်​ကွာ​ခြား​သူ​ဖြစ်​လိမ့်​မည်။ ဘု​ရင်​သုံး​ပါး​ကို​လည်း​နှိမ်​နင်း​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​စိတ်​ဆန္ဒ​ရှိ သည်​အ​တိုင်း​ပြု​လိမ့်​မည်။ မိ​မိ​သည်​ဘု​ရား အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟူ​၍​လည်း ကောင်း၊ အမြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ထက် ပင်​ကြီး​မြတ်​သည်​ဟူ​၍​လည်း​ကောင်း ကြွား​ဝါ ပြော​ဆို​လိမ့်​မည်။ သူ​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ချိန်​တိုင်​အောင် ဤ​သို့​ကြွား​ဝါ​နိုင်​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ အ​စည်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ မည်​ဖြစ်​သော​ကြောင့်​တည်း။-

ရုပ်​တု​ကြီး​၏​ခြေ​ဖ​မိုး​နှင့်​ခြေ​ချောင်း​များ သည်​ရွှံ့​စေး​သ​ရွတ်​တစ်​ပိုင်း၊ သံ​တစ်​ပိုင်း​ဖြစ် ကြောင်း​ကို​အ​ရှင်​မင်း​ကြီး​တွေ့​မြင်​တော်​မူ ရ​သည်​နှင့်​အ​ညီ အင်​ပါ​ယာ​နိုင်​ငံ​သည်​စိတ် ဝမ်း​ကွဲ​ပြား​သော​နိုင်​ငံ​ဖြစ်​ပါ​လိမ့်​မည်။ သံ နှင့်​ရွှံ့​စေး​သ​ရွတ်​ရော​၍​နေ​သည်​ကို​ထောက် ၍ ထို​နိုင်​ငံ​တွင်​သံ​ကဲ့​သို့​ခိုင်​မာ​တောင့်​တင်း မှု​အ​ချို့​အ​ဝက်​ရှိ​ပါ​လိမ့်​မည်။-

ထို​နောက်​ငါ​သည်​သူ​၏​ခေါင်း​ပေါ်​ရှိ​ဦး​ချို​ဆယ်​ချောင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊ နောက်​မှ​ပေါ်​ပေါက်​လာ​ကာ​အ​ခြား​ဦး​ချို​သုံး​ချောင်း​ကို​ဖယ်​ရှား​ပစ်​၍ မျက်​စိ​များ​နှင့်​ကြွား​ဝါ​တတ်​သော​နှုတ်​ရှိ​ပြီး​လျှင်​အ​ခြား​ဦး​ချို​များ​ထက်​ကြောက်​မက်​ဖွယ်​ကောင်း​သော​ဦး​ချို​ငယ်​အ​ကြောင်း​ကို​လည်း​ကောင်း​သိ​လို​၏။

ထို​သူ​က``စ​တုတ္ထ​သား​ရဲ​သည်​ကမ္ဘာ​မြေ​ပေါ်​တွင်​ပေါ်​ပေါက်​လာ​မည့်​စ​တုတ္ထ​မြောက်​အင်​ပါ​ယာ​နိုင်​ငံ​ဖြစ်​၍​အ​ခြား​နိုင်​ငံ​အ​ပေါင်း​နှင့်​ကွာ​ခြား​လိမ့်​မည်။ ယင်း​သည်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​ကို​ဝါး​မြို​ကာ​ခြေ​ဖြင့်​နင်း​၍​ချေ​မှုန်း​လိမ့်​မည်။-

မိုး​ကောင်း​ကင်​တွင်​အ​ခြား​အ​တိတ်​နိ​မိတ် တစ်​ရပ်​ပေါ်​လာ​ပြန်​၏။ ဦး​ခေါင်း​ခု​နစ်​လုံး၊ ဦး ချို​ဆယ်​ချောင်း​ရှိ​သော​နဂါး​နီ​ကြီး​တစ်​ကောင် သည်​မိ​မိ​၏​ဦး​ခေါင်း​များ​ပေါ်​တွင်​သ​ရ​ဖူ ခု​နစ်​လုံး​ကို​ဆောင်း​၍​ထား​၏။-

ထို​နောက်​ပင်​လယ်​ထဲ​မှ​ဦး​ချို​ဆယ်​ချောင်း နှင့်​ဦး​ခေါင်း​ခု​နစ်​လုံး​ရှိ​သော သား​ရဲ​တစ် ကောင်​တက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​၏ ဦး​ချို​တစ်​ချောင်း​စီ​တွင်​သ​ရ​ဖူ​ဆောင်း​ထား ၏။ သူ​၏​ဦး​ခေါင်း​တစ်​လုံး​စီ​ပေါ်​၌​လည်း ဘု​ရား​သ​ခင်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ သည့်​အ​မည်​နာ​မ​ကို​ရေး​သား​ထား​၏။-

ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ဝိညာဉ်​တော်​အား ဖြင့် ငါ့​အား​တော​ကန္တာ​ရ​သို့​ဆောင်​ယူ​သွား​၏။ ထို အ​ရပ်​တွင်​သား​ရဲ​နီ​ပေါ်​၌​ထိုင်​နေ​သော​အ​မျိုး သ​မီး​တစ်​ယောက်​ကို​ငါ​မြင်​ရ​၏။ သား​ရဲ​၏ ကိုယ်​တစ်​ကိုယ်​လုံး​ပေါ်​တွင်​ဘု​ရား​သ​ခင်​၏ အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သည့်​အ​မည်​နာ​မ များ​ကို အ​နှံ့​အ​ပြား​ရေး​သား​ထား​၏။ သူ့ မှာ​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ