Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 6:28

Common Language Bible

ဒံ​ယေ​လ​သည်​ဒါ​ရိ​မင်း​နန်း​စံ​ချိန်​နှင့်၊ ပါရှ အ​မျိုး​သား​ကု​ရု​မင်း​နန်း​စံ​ချိန်​၌​ကောင်း စား​လျက်​နေ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ပေ​ရ​သိ​ဘု​ရင်​ကု​ရု နန်း​စံ​ပ​ထ​မ​နှစ်​၌​ထာ​ဝရ​ဘုရား​သည် သူ့​အား အ​မိန့်​တော်​တစ်​ရပ်​ထုတ်​ဆင့်​စေ​တော်​မူ​၍​သူ ၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝန်း​လုံး​တွင်​ဖတ်​ကြား ကြေ​ညာ​စေ​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​ခြင်း မှာ​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့်​ထာ​ဝရ ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​အ​တိုင်း ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​သ​တည်း။

ထို​အ​မိန့်​တော်​တွင်``ဤ​အ​မိန့်​ကား​ပေ​ရ​သိ ဧ​က​ရာဇ်​ကု​ရု​၏​အ​မိန့်​တော်​ဖြစ်​၏။ ကောင်း ကင်​ဗိုလ်​ခြေ​ဘု​ရင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို အုပ်​စိုး​စေ​တော်​မူ​၍ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင် မြို့​၌​ကိုယ်​တော်​၏​အ​တွက် ဗိ​မာန်​တော်​ကို တည်​ဆောက်​ရန်​တာ​ဝန်​ကို​ငါ့​အား​ပေး​အပ် တော်​မူ​လေ​ပြီ။ ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ဖြစ်​ကြ​ကုန်​သော​သူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။ ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​ပြီး​၏။

ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တည်း​ဟူ​သော ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မျိုး​အ​နွယ်​များ​ကို တန်​ခိုး​တော်​အား​ဖြင့်​ကယ်​တော်​မူ​ပါ​၏။

ကု​ရု​ဘု​ရင်​အား​လည်း`သင်​သည်​ငါ​၏​ကိုယ် စား အုပ်​စိုး​ရ​မည့်​သူ​ဖြစ်​၏။ သင်​သည်​ငါ​အ​လို​ရှိ​သည့်​အ​မှု​တို့​ကို​ပြု​ရ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​တည်​ထောင်​ရန်​နှင့် ဗိ​မာန်​တော်​အုတ်​မြစ်​များ​ကို​ချ​ရန် အ​မိန့်​ပေး​ရ​မည်​ဟု​ငါ​ဆို​၏' '' ဟူ​၍ မိန့်​တော်​မူ​၏။

အီ​ဂျစ်​ပြည်​တွင်​ကိုယ်​တော်​ရှင်​သည်​အံ့​သြ ဖွယ်​ရာ​များ​နှင့် ထူး​ဆန်း​သည့်​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​တော်​မူ​ပါ​၏။ ယ​နေ့​တိုင် အောင်​ပင်​ထို​အ​မှု​အ​ရာ​များ​ကို​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​တွင်​လည်း​ကောင်း၊ လူ​မျိုး​တ​ကာ​တို့​တွင်​လည်း​ကောင်း​ဆက် လက်​၍​ပြ​တော်​မူ​လျက်​ရှိ​သ​ဖြင့် ကိုယ် တော်​ရှင်​၏​သ​တင်း​တော်​သည်​အရပ်​ရပ် သို့​ပျံ့​နှံ့​၍​ရှိ​ပါ​၏။-

ဒံ​ယေ​လ​သည်​ဗာ​ဗု​လုန်​ပြည်​ကို​ပါ​ရှ​နိုင်​ငံ​၏​ဧ​က​ရာဇ်​မင်း​ဖြစ်​သူ ကု​ရု​မင်း​တိုက်​ခိုက်​အောင်​မြင်​၍​နန်း​တက်​လာ​ချိန်​တိုင်​အောင်​နန်း​တော်​တွင်​ရှိ​နေ​သ​တည်း။

ပါ​ရှ​ဧ​က​ရာဇ်​ဘု​ရင်​ကု​ရု​နန်း​စံ​တ​တိ​ယ နှစ်​၌ ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည်​တွင် သော​ဒံ​ယေ​လ​သည် ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ ရ​ရှိ​၏။ ထို​ဗျာ​ဒိတ်​တော်​တွင်​ပါ​ရှိ​သည့်​ဖော် ပြ​ချက်​စ​ကား​သည်​မှန်​ကန်​သော်​လည်း​နား လည်​ရန်​အ​လွန်​ခက်​၏။ ဒံ​ယေ​လ​သည်​ထို ဖော်​ပြ​ချက်​စ​ကား​၏​အ​နက်​ကို​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အား​ဖြင့်​သိ​ရှိ​နား​လည်​၍​လာ​၏။

``ထို​ကြောင့်​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့်​နိုင်​ငံ အ​သီး​သီး​က​မည်​သူ​မ​ဆို​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့​၏​ဘု​ရား​အား​မ​ရို မ​သေ​ပြော​ဆို​သည်​ဆို​အံ့၊ ထို​သူ​အား​အ​ပိုင်း ပိုင်း​ဖြတ်​၍​နေ​အိမ်​ကို​လည်း ပြာ​ပုံ​ဖြစ်​စေ ဟု​ယ​ခု​ငါ​အ​မိန့်​ပေး​၏။ ထို​သူ​သုံး​ဦး​တို့ ၏​ဘု​ရား​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကယ် တင်​နိုင်'' ဟု​မိန့်​တော်​မူ​၏။

ခွဲ​ဝေ​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ အ​ရှင်​၏​နိုင်​ငံ​တော်​ကို​မေ​ဒိ​အ​မျိုး​သား များ​နှင့်​ပါ​ရှ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​တော်​မူ​ပြီ​ဟူ​၍​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ