ဒံယေလ 5:8Common Language Bibleဘုရင့်အတိုင်ပင်ခံအရာရှိအပေါင်းတို့ သည်ရှေ့တော်သို့ရောက်ရှိလာကြသော်လည်း အဘယ်သူမျှထိုစာတန်းကိုမဖတ်နိုင်။ ထို စာတန်း၏အနက်ကိုလည်းမင်းကြီးအား မဖော်ပြနိုင်ကြ။- အခန်းကိုကြည့်ပါ။ |
နေဗုခဒ်နေဇာမင်းက``ဤကားငါမြင်မက် သည့်အိပ်မက်ဖြစ်၏။ အချင်းဗေလတရှာဇာ၊ ယခုငါ့အားထိုအိပ်မက်၏အနက်ကိုဖော် ပြပါလော့။ ယင်းကိုငါ၏အတိုင်ပင်ခံ အရာရှိတစ်ယောက်မျှမဖော်ပြနိုင်ပါ။ သို့ရာတွင်သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့ ၏ဝိညာဉ်သည်သင့်၏အထဲ၌ကိန်းအောင်း သည်ဖြစ်၍သင်သည်ထိုအိပ်မက်၏အနက် ကိုဖော်ပြနိုင်ပါ၏'' ဟုမိန့်တော်မူ၏။