ရေတွက်ဟူသောစကား၏အနက်အဋ္ဌိပ္ပါယ် မှာ အရှင့်နိုင်ငံသက်တမ်းကိုဘုရားသခင် ရေတွက်၍ ဆုံးခန်းတိုင်ရောက်စေတော်မူ ပြီဟူ၍ဖြစ်ပါ၏။-
လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။
ထာဝရဘုရားက``ငါသည်မေဒိအမျိုး သားတို့အား ဗာဗုလုန်ပြည်ကိုတိုက်ခိုက် ရန်လှုံ့ဆော်လျက်ရှိ၏။ သူတို့သည်ငွေကို ပမာဏမပြု။ ရွှေကိုလည်းမမက်မော။-
သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
``ရေးထားသောစာကား`ရေတွက်၊ ရေတွက်၊ အလေးချိန်၊ ခွဲဝေ' ဟူ၍ဖြစ်သတည်း။-
သူ၏နန်းစံပထမနှစ်၌ငါဒံယေလသည် ကျမ်းစာတော်များကိုလေ့လာကာပရော ဖက်ယေရမိအား ဘုရားသခင်မိန့်တော်မူ သည်အတိုင်းအနှစ်ခုနစ်ဆယ်တိုင်တိုင် ယေရုရှလင်မြို့ပျက်စီးရမည်အကြောင်း ကိုစဉ်းစားဆင်ခြင်လျက်နေ၏။-
ဤကားရှေးကာလ၌ထာဝရဘုရား မိန့်တော်မူသောဗျာဒိတ်တော်ဖြစ်သတည်း' ဟုဖော်ပြပါရှိသည်။