ဒံယေလ 5:23Common Language Bibleကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။- အခန်းကိုကြည့်ပါ။ |
အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံ ပြည်သားတို့ကိုအနိုင်ရသဖြင့်စိတ်နေမြင့် လျက်နေ၏။ မိမိရရှိထားသည့်ကျော်စောကိတ္တိ ဖြင့်ပင်ကျေနပ်ရောင့်ရဲစွာ သင်၏နန်းတော်တွင် စံမြန်းပါလော့။ သင်သည်မိမိနှင့်ပြည်သူတို့ အားဆုံးပါးပျက်စီးစေမည့်ဘေးဒုက္ခကို အဘယ်ကြောင့်ရှာလိုပါသနည်း'' ဟုပြန် စာရေး၍ပေးပို့လိုက်၏။
ဘုရားသခင်သည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၍ဖြန့်ကျက်ထားတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးနှင့်တကွ သက်ရှိ သတ္တဝါအပေါင်းကိုဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့အားလည်း၊ အသက်နှင့်ထွက်သက်ဝင်သက်ကိုပေးတော် မူ၏။ ယခုထာဝရအရှင်ဘုရားသခင်ကမိမိ၏ အစေခံအားပြောသည်မှာ၊
``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
ဤဘေးဒဏ်ဖြင့်မသေဘဲကျန်ရှိနေသောသူတို့ သည်နောင်တမရကြ။ မိမိတို့လက်ဖြင့်ပြုလုပ် သည့်ဘုရားများကိုမစွန့်လွှတ်ကြ။ နတ်မိစ္ဆာ များကိုလည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မရှားနိုင်သောရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သားစသည်ဖြင့်ပြီးသောရုပ်တုများကိုလည်း ကောင်းကိုးကွယ်လျက်ပင်ရှိနေကြသေး၏။-
ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-