ဒံယေလ 5:16Common Language Bibleသင်သည်တိမ်မြုပ်နေသောအနက်တို့ကိုဖော် ထုတ်နိုင်၍ လျှို့ဝှက်ခက်ခဲသောအရာတို့ကို ရှင်းလင်းဖော်ပြနိုင်ကြောင်းငါကြားသိတော် မူရသည်။ သင်သည်ဤစာတန်းကိုဖတ်၍ အနက်ကိုငါ့အားဖော်ပြနိုင်ပါလျှင် ငါသည် သင့်အားတော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ် စေ၍ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုဆွဲ စေလျက် ငါ၏နိုင်ငံတော်တွင်တတိယတန် ခိုးအကြီးဆုံးသောသူအဖြစ်ခန့်ထား မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်မင်းကြီးသည်ဒံယေလအားကြီး မြင့်သောရာထူးဖြင့်ချီးမြှင့်တော်မူပြီး လျှင် အဖိုးတန်ဆုတော်လာဘ်တော်အမြောက် အမြားကိုပေးအပ်ကာဗာဗုလုန်နိုင်ငံရှိ အတိုင်ပင်ခံအရာရှိအပေါင်းတို့၏ခေါင်း ဆောင်အဖြစ်ဖြင့်လည်းကောင်း၊ ဗာဗုလုန် ပြည်နယ်ကိုအုပ်စိုးရသောမင်းအဖြစ် ဖြင့်လည်းကောင်းခန့်ထားတော်မူ၏။-
သို့ဖြစ်၍ပယောဂဆရာများ၊ မှော်ဆရာ များနှင့်နက္ခတ်ဆရာများကိုခေါ်သွင်းရန် ဟစ်အော်၍ မင်းချင်းတစ်ယောက်အားစေခိုင်း တော်မူ၏။ ထိုသူတို့ရောက်ရှိလာကြသော အခါမင်းကြီးက``ထိုစာတန်းကိုဖတ်၍ အနက်ကိုငါ့အားပြောကြားနိုင်သူအား တော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ်စေမည်။ ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုလည်းဆွဲ စေလျက်နိုင်ငံတော်တွင်တတိယတန်ခိုး အကြီးဆုံးသောသူအဖြစ်ငါခန့်ထား မည်'' ဟုမိန့်တော်မူ၏။-
ဤသို့တမန်တော်တို့၏လက်တင်ခြင်းကို ခံရသောအားဖြင့် ထိုသူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်ကိုခံယူရရှိကြောင်းကိုရှိမုန် မြင်လျှင်``အကျွန်ုပ်လက်တင်သောသူသည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိစေ နိုင်သောတန်ခိုးကိုအကျွန်ုပ်အားလည်းပေး ပါ'' ဟုဆိုကာတမန်တော်တို့အားငွေကို ပေး၏။