ဒံယေလ 4:31Common Language Bibleဤသို့မြွက်ဆို၍စကားမဆုံးမီပင်လျှင်``အို နေဗုခဒ်နေဇာမင်း၊ ငါပြောသည်ကိုနား ထောင်လော့။ သင့်နိုင်ငံကိုသင်၏လက်မှ ယခုရုပ်သိမ်းလိုက်လေပြီ။- အခန်းကိုကြည့်ပါ။ |
ထိုကောင်းကင်တမန်သည် မိုးကောင်းကင် သို့လက်နှစ်ဖက်ကိုမြှောက်ချီကာ ကာလ အစဉ်အသက်ရှင်တော်မူသောဘုရားအား တိုင်တည်၍ကျိန်ဆိုသည်မှာ``သုံးနှစ်ခွဲမျှ ကြာလိမ့်ဦးမည်။ ဘုရားသခင်၏လူမျိုး တော်ခံရသောညှင်းဆဲနှိပ်စက်မှုများ ပြီးဆုံးချိန်၌ ဤအမှုအရာအပေါင်း တို့သည်လည်းပြီးဆုံးသွားလိမ့်မည်'' ဟု မြွက်ဆိုသည်ကိုငါကြားရ၏။
သင်သည်လူအသိုင်းအဝိုင်းမှအနှင်ခံရ ၍တောတိရစ္ဆာန်များနှင့်အတူနေရလတ္တံ့။ ခုနစ်နှစ်တိုင်တိုင်နွားကဲ့သို့မြက်ကိုစား ရလတ္တံ့။ ထိုအခါဘုရားသခင်သည်လော ကီနိုင်ငံများကိုအစိုးရတော်မူ၍ ယင်း တို့ကိုမိမိအလိုရှိသူအားပေးပိုင် ကြောင်းကိုသင်ဝန်ခံလိမ့်မည်'' ဟုကောင်း ကင်မှအသံထွက်ပေါ်လာလေသည်။
မင်းကြီးက``ငါသည်ခုနစ်နှစ်ကာလကုန် ဆုံးသွားသောအခါ မိုးကောင်းကင်သို့မြော် ကြည့်လိုက်ရာလူ့စိတ်ပြန်ရသဖြင့် အမြင့် မြတ်ဆုံးသောဘုရားသခင်အားထောမနာ ပြု၍ ထာဝရကာလပတ်လုံးအသက်ရှင် တော်မူသောဘုရား၏ဂုဏ်တော်၊ ဘုန်း အသရေတော်ကိုချီးမွမ်းပါ၏။ ``ကိုယ်တော်သည်လောကကိုထာဝစဉ် အုပ်စိုးတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်ကာလ အစဉ်အဆက်တည်လိမ့်မည်။