Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 4:26

Common Language Bible

ကောင်း​ကင်​တ​မန်​များ​သည်​သစ်​ငုတ်​ကို မြေ​တွင် ချန်​ထား​ခဲ့​ရန်​အ​မိန့်​ပေး​သည်​နှင့် အ​ညီ​အ​ရှင်​သည် ကမ္ဘာ​ကို​ဘုရား​သ​ခင် အ​စိုး​ရ​ကြောင်း​သိ​မှတ်​ဝန်​ခံ​သော​အ​ခါ အ​ရှင်​၏​ထီး​နန်း​ကို​ပြန်​လည်​ရ​ရှိ​ပါ လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

``ငါ​တို့​သည်​ဗာ​ဗု​လုန်​မြို့​၌​ရှိ​သော​အ​ခြား အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​နှင့်​အ​တူ​ကွပ်​မျက် ခြင်း​မ​ခံ​ကြ​ရ​လေ​အောင် ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​သည်​က​ရု​ဏာ​ထား​တော်​မူ​၍ ခက်​ခဲ​နက်​နဲ​သော​အိပ်​မက်​ကို​ငါ​တို့​အား ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ရန်​အ​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-

ဘု​ရား​သ​ခင်​သည်​ထို​ညဥ့်​၌​ပင်​လျှင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တွင် ခက်​ခဲ​နက်​နဲ​သော​အိပ်​မက်​ကို ဒံ​ယေ​လ​အား​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။ ထို​အ​ခါ​ဒံ​ယေ​လ​သည်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ဤ​သို့ ချီး​မွမ်း​လေ​၏။

အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည်​ဘု​ရင်​တ​ကာ တို့​တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​တော်​မူ​ပါ​၏။ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ရှင့် အား ထီး​နန်း​ကို​အပ်​နှင်း​တော်​မူ​၍​တန်​ခိုး စွမ်း​ရည်၊ ဘုန်း​အ​သ​ရေ​တို့​ဖြင့်​ပြည့်​စုံ စေ​တော်​မူ​ပါ​ပြီ။-

သို့​ရာ​တွင်​မြေ​တွင်​ရှိ​သည့်​သစ်​ငုပ်​ကို​မူ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​တို့​ဖြင့်​ချည်​နှောင် ၍​ကွင်း​ထဲ​၌​မြက်​တော​တွင်​ထား​ခဲ့​လော့။ ` ``ထို​သူ​အား​ဆီး​နှင်း​ထဲ​တွင်​တိ​ရစ္ဆာန်​များ၊ အ​ပင်​ငယ်​များ​နှင့်​အ​တူ​နေ​စေ​လော့။-

အ​ရှင်​မင်း​ကြီး​ကြည့်​လျက်​နေ​တော်​မူ​စဉ် ကောင်း​ကင်​ဘုံ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​သက်​ဆင်း​လာ​ကာ`ထို​သစ်​ပင်​ကို​ခုတ်​လှဲ ဖျက်​ဆီး​ပစ်​လော့။ သို့​ရာ​တွင်​သစ်​ငုတ်​ကို​မူ ကား​မြေ​တွင်​ချန်​ထား​လော့။ ထို​ငုတ်​ကို​သံ ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်​၍​ကွင်း​ထဲ ၌​မြက်​တော​တွင်​ထား​ခဲ့​လော့။ ထို​သူ​အား ဆီး​နှင်း​များ​ဖြင့်​စို​စွတ်​စေ​လျက်​ခု​နစ်​နှစ် တိုင်​တိုင်​တိရစ္ဆာန်​များ​နှင့်​အ​တူ​နေ​စေ​လော့' ဟု​မြွက်​ဆို​ခဲ့​ပါ​၏။

ဤ​သို့​မြွက်​ဆို​၍​စ​ကား​မ​ဆုံး​မီ​ပင်​လျှင်``အို နေ​ဗု​ခဒ်​နေ​ဇာ​မင်း၊ ငါ​ပြော​သည်​ကို​နား ထောင်​လော့။ သင့်​နိုင်​ငံ​ကို​သင်​၏​လက်​မှ ယ​ခု​ရုပ်​သိမ်း​လိုက်​လေ​ပြီ။-

``သို့​ဖြစ်​၍​ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​မင်း​အား​ထော​မ​နာ ပြု​ပါ​၏။ ဂုဏ်​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ချီး​မွမ်း​ပါ​၏။ ကိုယ်​တော်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​သည်​မှန်​ကန်​ပါ​ပေ သည်။ ကိုယ်​တော်​သည်​အ​စဉ်​ပင်​တ​ရား​မျှ တ​တော်​မူ​၍​မာန်​မာ​န​ထောင်​လွှား​သူ​တို့ အား​နိမ့်​ကျ​စေ​တော်​မူ​ပါ​၏'' ဟု​ရေး သား​ဖော်​ပြ​တော်​မူ​လေ​သည်။

သို့​ရာ​တွင်​သူ​သည်​မာန်​မာ​န​ထောင်​လွှား ကာ​ခေါင်း​မာ​လျက် ရက်​စက်​စွာ​ပြု​ကျင့်​၍ လာ​သော​အ​ခါ​ဘုန်း​တန်​ခိုး​ကွယ်​ပျောက် ၍​နန်း​မှ​ကျ​ရ​လေ​ပြီ။-

သူ​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​မှ​နှင်​ထုတ်​ခြင်း ကို​ခံ​ရ​ကာ​တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​လာ​လေ သည်။ မြည်း​ရိုင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​၍​နွား ကဲ့​သို့​မြက်​ကို​စား​ခဲ့​ရ​ပါ​၏။ အ​ကွယ် အ​ကာ​မ​ရှိ​ဘဲ​ဆီး​နှင်း​တော​တွင်​စက်​တော် ခေါ်​ခဲ့​ရ​လေ​သည်။ နောက်​ဆုံး​၌​အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​သ​ခင်​သည်​လော​ကီ​နိုင်​ငံ တို့​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ မည်​သူ​အား​မ​ဆို​ဤ​နိုင်​ငံ​များ​ကို​ပေး တော်​မူ​နိုင်​ကြောင်း​ကို​မင်း​ကြီး​ဝန်​ခံ​တော် မူ​ခဲ့​ပါ​၏။-

ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``သင်္ဘော​သ​ဖန်း​ပင် သည်​အ​ဘယ်​သို့​လျှင်​ချက်​ချင်း​ညှိုး​နွမ်း​ခြောက် သွေ့​သွား​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

သို့​ရာ​တွင်​သင်​တို့​သည်​တစ်​စုံ​တစ်​ခု​ကို​က​တိ​ပြု သော​အ​ခါ​လုံး​ဝ​ကျိန်​ဆို​၍​မ​ပြော​ကြ​နှင့်​ဟု သင်​တို့​အား​ငါ​ဆို​၏။ ကောင်း​ကင်​ဘုံ​ကို​တိုင်​တည် ၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သည်​ဘု​ရား သ​ခင်​၏​ပလ္လင်​တော်​ဖြစ်​၏။-

ငါ​ထ​၍​အ​ဖ​ထံ​သို့​သွား​ပြီး​လျှင်`အ​ဖ၊ ကျွန်​တော် သည်​ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း ကောင်း​ပြစ်​မှား​မိ​ပါ​ပြီ။-

သား​ဖြစ်​သူ​က `အ​ဖ၊ ကျွန်​တော်​သည်​ဘု​ရား​သ​ခင် ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း​ကောင်း​ပြစ်​မှား​မိ ပါ​ပြီ။ သို့​ဖြစ်​၍​အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်​တော့​ပါ' ဟု​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ