Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 3:27

Common Language Bible

မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ​များ၊ ဒု​တိ​ယ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ ရှိ​အ​ပေါင်း​တို့​သည် မီး​လောင်​ခြင်း​မ​ခံ​ရ ကြ​သော​လူ​သုံး​ဦး​တို့​ကို​ဝိုင်း​၍​ကြည့်​ရှု​ကြ ကုန်​၏။ ထို​သူ​တို့​၏​ဆံ​ခြည်​ပင်​တစ်​ပင်​မျှ မီး​မ​မြိုက်။ အ​ဝတ်​အင်္ကျီ​များ​သည်​မီး​မ​လောင်၊ သူ​တို့​ကိုယ်​မှ​မီး​ခိုး​နံ့​လည်း​မ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ပ​ရော​ဖက်​အို​ကြီး​သည်​မြည်း​ကို​စီး ၍​ထွက်​သွား​ရာ လမ်း​ပေါ်​တွင်​သေ​နေ​သော​ပ​ရော ဖက်​နှင့်​အ​နီး​တွင်​ရပ်​နေ​လျက်​ရှိ​နေ​သေး​သည့် မြည်း​နှင့်​ခြင်္သေ့​ကို​တွေ့​လေ​၏။ ခြင်္သေ့​သည်​လူ သေ​ကောင်​ကို​လည်း​မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။-

အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သိ​ရှိ​ကြ​စေ​ရန် ယ​ခု​ပင်​အ​ကျွန်ုပ်​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။''

သူ​တို့​သည်​ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ​လျှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၍ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင် ဖြစ်​တော်​မူ​ကြောင်း​ကို​သိ​ရှိ​ကြ​ပါ​စေ​သော။

ရန်​သူ​များ​သည်​မိ​မိ​တို့​အား၊ ကိုယ်​တော်​ရှင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည် ကို​မ​သိ​ကြ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​အား​အ​ရှက်​ကွဲ စေ​တော်​မူ​ပါ။ ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပြင်​ဆင်​ထား တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း သူ​တို့​အား​ပြ​တော်​မူ​ပါ​၏။

သင်​တို့​သည်​ရေ​နက်​ထဲ​သို့​လျှောက်​သွား​ရ​သော​အ​ခါ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ ဆင်း​ရဲ​ဒုက္ခ​များ​သည်​သင်​တို့​ကို​လွှမ်း​မိုး ရ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​မီး​ထဲ​သို့​လျှောက်​သွား​ရ​သော အ​ခါ မီး​အ​လောင်​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ပြင်း​ထန်​သော​စုံ​စမ်း​ခြင်း​များ​သည်​သင်​တို့​ကို ထိ​ခိုက်​နစ်​နာ​စေ​လိမ့်​မည်​မ​ဟုတ်။

သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သူ​သုံး​ယောက်​တို့ အား​ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ​အင်္ကျီ​အ​စ​ရှိ သည့်​အ​ဝတ်​တန်​ဆာ​များ​နှင့်​တ​ကွ​တုပ် နှောင်​ပြီး​လျှင် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။-

မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​မြောက်​အား​ရ တော်​မူ​သ​ဖြင့် ဒံ​ယေ​လ​အား​ခြင်္သေ့​တွင်း မှ​ဆွဲ​တင်​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​လူ​တို့​သည်​ဆွဲ​တင်​ကြ​ရာ​ဒံ​ယေ​လ သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​သူ ဖြစ်​သ​ဖြင့် မည်​သို့​မျှ​ဘေး​အန္တ​ရာယ်​မ​ဖြစ် ဘဲ​ရှိ​သည်​ကို​တွေ့​မြင်​ကြ​၏။-

အ​ရှင်​မင်း​ကြီး​သည်​အ​မိန့်​တော်​တစ်​ရပ် ကို​ထုတ်​ဆင့်​ကာ ထို​အ​မိန့်​တော်​ကို​လူ​တို့ တိ​ကျ​စွာ​လိုက်​နာ​ကြ​စေ​သင့်​ကြောင်း​ကြီး ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ၊ ဘု​ရင်​ခံ​များ၊ လက် ထောက်​ဘုရင်​ခံ​များ​နှင့်​အ​ကြံ​ပေး​အ​ရာ ရှိ​များ​ဖြစ်​သည့်​နိုင်ငံ​တော်​ကို​စီ​မံ​အုပ်​ချုပ် ကြ​သူ အ​ကျွန်ုပ်​တို့​အား​လုံး​သ​ဘော​တူ​ညီ ကြ​ပါ​၏။ ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင် အ​ဘယ်​သူ​မျှ​အ​ရှင်​မင်း​ကြီး​မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ​မည်​သူ မ​ဆို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့​ပစ်​ချ ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​ထုတ်​တော် မူ​ပါ။-

သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​၏။-

အ​ဂြိပ္ပ​ဘု​ရင်​မင်း​မြတ်၊ ထို​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​အ​ရှင်​သိ​တော်​မူ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင်​၏​ရှေ့​တော်​တွင်​ရဲ​ဝံ့​စွာ လျှောက်​ထား​ခြင်း​ဖြစ်​ပါ​သည်။ ထို​အ​မှု​အ​ရာ များ​သည်​ချောင်​ကြို​ချောင်​ကြား​တွင်​ဖြစ်​ပျက် ခဲ့​သည်​မ​ဟုတ်​ပါ။ ယင်း​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​ကို​အ​ရှင်​မင်း​ကြီး​သိ​တော်​မူ ပြီး​ဖြစ်​သည်​ဟု​အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​၏။-

သင်​တို့​ဆက်​လက်​အ​သက်​ရှင်​နိုင်​ရေး​အ​တွက် အ​စား​အ​စာ​စား​ကြ​ရန်​ငါ​တောင်း​ပန်​ပါ​၏။ သင်​တို့​တစ်​စုံ​တစ်​ယောက်​၏​ဦး​ခေါင်း​မှ​ဆံ ခြည်​တစ်​ပင်​မျှ​ပင်​လျှင်​ပျက်​စီး​ဆုံး​ရှုံး ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။-

ပြင်း​ထန်​စွာ​တောက်​လောင်​နေ​သော​မီး​ကို​ငြိမ်း သတ်​ခဲ့​ကြ​၏။ ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ခဲ့​ကြ​၏။ သူ​တို့​သည်​ခွန်​အား​နည်း​သူ​များ​ဖြစ်​သော်​လည်း ခွန်​အား​ကြီး​လာ​ကြ​၏။ စစ်​ရေး​၌​စွမ်း​ရည်​သတ္တိ ရှိ​လျက်​တိုင်း​တစ်​ပါး​မှ​တပ်​များ​ကို​ဖြို​ခွင်း ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ