Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 3:19

Common Language Bible

ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​စိတ်​ကို မ​ချုပ်​တည်း​နိုင်​တော့​ဘဲ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက် ကာ​မျက်​နှာ​နီ​မြန်း​၍​လာ​တော်​မူ​၏။ ထို ကြောင့်​မင်း​ကြီး​သည်​မီး​ဖို​ကြီး​ကို​ခု​နစ်​ဆ မျှ​ပို​၍​ပူ​အောင်​မီး​ထိုး​စေ​တော်​မူ​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ထို့​အ​ပြင်​လာ​ဗန်​သည်​ယ​ခင်​က​ကဲ့​သို့​သူ့ အား​မ​ကြည်​ဖြူ​ကြောင်း​ကို​လည်း​တွေ့​မြင် ရ​သည်။-

ဤ​သို့​မော်​ဒ​ကဲ​ဦး​မ​ညွှတ်​ရှိ​မ​ခိုး​လို သည့်​အ​ကြောင်း​ကို​ကြား​သိ​ရ​သော​အ​ခါ ဟာ​မန်​သည်​လွန်​စွာ​အ​မျက်​ထွက်​လေ​သည်။-

မင်း​ကြီး​သည်​အ​မျက်​ထွက်​၍​ည​စာ​စား ပွဲ​မှ​ထ​ပြီး​လျှင်​ဥ​ယျာဉ်​တော်​သို့​ကြွ​တော် မူ​၏။ ဟာ​မန်​သည်​ဤ​အ​မှု​ကိစ္စ​အ​တွက် မိ​မိ​အား​ဧ​ကန်​မု​ချ​မင်း​ကြီး​အ​ပြစ်​ပေး တော်​မူ​မည်​ကို​သိ​သ​ဖြင့် မိ​မိ​၏​အ​သက် ကို​ချမ်း​သာ​ပေး​ပါ​မည့်​အ​ကြောင်း ဧ​သ​တာ​အား​အ​သ​နား​ခံ​ရန်​နေ ရစ်​ခဲ့​၏။-

လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။

ရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။

ပြင်းစွာသော ဒေါသအမျက်၌ ကျင်လည်သော သူကို၊ ထောင်လွှားစော်ကားသောသူ၊ မထီမဲ့မြင်ပြုသော သူဟူ၍ သမုတ်အပ်၏။

ထို​စ​ပျစ်​ရည်​ကို​သင်​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက် သူ​များ၊ သင်​တို့​အား​လမ်း​များ​ပေါ်​တွင်​လဲ​လျောင်း​စေ​၍၊ မြေ​မှုန့်​သ​ဖွယ်​ခြေ​နှင့်​နင်း​ကြ​သူ​များ​အား ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​လျက် ဗာ​ဗု​လုန်​မြို့​၌​ရှိ​သ​မျှ သော​ပ​ညာ​ရှိ​တို့​ကို​ကွပ်​မျက်​ရန်​အ​မိန့် ပေး​တော်​မူ​၏။-

ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် ထို​သူ​သုံး​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့် ပေး​တော်​မူ​၏။-

မိ​မိ​၏​တပ်​မ​တော်​တွင်​ခွန်​အား​အ​ကြီး​မား ဆုံး​သော​သူ​တို့​အား ထို​သူ​သုံး​ယောက်​ကို ပြင်း​စွာ​အ​လျှံ​ထ​လျက်​ရှိ​သော​မီး​ဖို​ကြီး ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-

မျက်​နှာ​ညှိုး​ငယ်​၍​သွား​တော်​မူ​၏။ သူ​သည် အ​လွန်​ကြောက်​လန့်​ကာ​မျက်​နှာ​ဖြူ​ဖတ်​ဖြူ ရော်​ဖြစ်​လျက်​ဒူး​များ​ပင်​ခိုက်​ခိုက်​တုန်​၍ လာ​၏။-

ထို​နောက်​မင်း​ကြီး​သည်​ဒံ​ယေ​လ​အား​ပြစ် တင်​စွပ်​စွဲ​ကြ​သူ​အ​ပေါင်း​တို့​ကို​ဖမ်း​ဆီး စေ​ပြီး​လျှင် သူ​တို့​၏​သား​မ​ယား​များ​နှင့် တ​ကွ​ခြင်္သေ့​တွင်း​ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့် ပေး​တော်​မူ​၏။ မြေ​သို့​မ​ရောက်​ရှိ​မီ​ပင်​သူ တို့​အား​ခြင်္သေ့​တို့​သည်​ခုန်​အုပ်​ပြီး​လျှင် အ​ရိုး​ပါ​မ​ကျန်​ကိုက်​စား​လိုက်​ကြ​လေ သည်။

``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ လျက်​နှင့် ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​ထိန်း​ဘဲ နေ​သေး​လျှင် ငါ​သည်​သင်​တို့​အား​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-

``သင်​တို့​သည်​ငါ့​ကို​အာ​ခံ​၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင် ငါ​သည်​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​ထပ်​မံ​တိုး​၍​ခံ​စေ​မည်။-

ငါ​သည်​သင်​တို့​တစ်​ဘက်​၌​နေ​၍​အ​ပြစ်​ဒဏ် ကို ယ​ခင်​က​ထက်​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-

ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​တစ်​ဘက်​၌​နေ လျက် အ​ပြစ်​ဒဏ်​ကို​ယ​ခင်​က​ထက်​ခု​နစ်​ဆ တိုး​၍​ခံ​စေ​မည်။-

ဤ​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ပြင်း​စွာ​အ​မျက် ထွက်​ကြ​သ​ဖြင့် တ​မန်​တော်​တို့​အား​သေ​ဒဏ် ပေး​ရန်​တိုင်​ပင်​ကြ​၏။-

ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ ဒေါ​သ​ချောင်း ချောင်း​ထွက်​၍​အံ​သွား​ကြိတ်​ခြင်း​ကို​ပြု​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ