Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 3:12

Common Language Bible

ဗာ​ဗု​လုန်​နယ်​ကို​အုပ်​ချုပ်​ရန်​အ​ရှင်​မင်း ကြီး​တာ​ဝန်​ပေး​ထား​သူ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​သော​ယု​ဒ​အ​မျိုး သား​များ​သည် အ​ရှင်​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ​နေ​ကြ​ပါ​၏။ သူ​တို့​သည် အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး​ကြ​ပါ။ အရှင် တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး မ​ညွှတ်​ကြ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​ဟာ​မန်​သည်​မင်း​ကြီး​အား``အ​ရှင် ၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​ပြည်​နယ်​တိုင်း​မှာ ပင်​ပျံ့​နှံ့​လျက်​နေ​သည့်​လူ​မျိုး​တစ်​မျိုး​ရှိ ပါ​သည်။ သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​သည် အ​ခြား​လူ​မျိုး​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​နှင့် မ​တူ​ပါ။ သူ​တို့​သည်​နိုင်​ငံ​တော်​၏​တရား ဥ​ပ​ဒေ​များ​ကို​လည်း​မ​လိုက်​နာ​ကြ​ပါ။ သို့​ဖြစ်​၍​သူ​တို့​အား​သည်း​ခံ​လျက်​နေ ခြင်း​အား​ဖြင့်​အ​ရှင့်​၏​အ​တွက်​အ​ကျိုး ရှိ​မည်​မ​ဟုတ်​ပါ။-

မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။

တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။

မိန်း​မ​စိုး​အုပ်​သည်​ဒံ​ယေ​လ​ကို​ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို​ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို​မေ​ရှက်၊ အာ​ဇ​ရိ​ကို​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​၍​နာ​မည်​သစ်​ကို​ပေး​၏။

ထို​နောက်​မင်း​ကြီး​သည်​ဒံ​ယေ​လ​အား​ကြီး မြင့်​သော​ရာ​ထူး​ဖြင့်​ချီး​မြှင့်​တော်​မူ​ပြီး လျှင် အ​ဖိုး​တန်​ဆု​တော်​လာဘ်​တော်​အ​မြောက် အ​မြား​ကို​ပေး​အပ်​ကာ​ဗာ​ဗု​လုန်​နိုင်​ငံ​ရှိ အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း​တို့​၏​ခေါင်း ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဗာ​ဗု​လုန် ပြည်​နယ်​ကို​အုပ်​စိုး​ရ​သော​မင်း​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။-

ဒံ​ယေ​လ​၏​ပန်​ကြား​ချက်​အ​ရ​မင်း​ကြီး သည်​ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ တို့​အား​ဗာ​ဗု​လုန်​ပြည်​နယ်​အုပ်​ချုပ်​ရေး တာ​ဝန်​များ​ကို​အပ်​နှင်း​တော်​မူ​၏။ ဒံ​ယေ​လ ကို​မူ​ကား​နန်း​တော်​တွင်း​၌​အ​မှု​ထမ်း​စေ တော်​မူ​၏။

ထို​အ​ရုပ်​ကြီး​အား​ဦး​ညွှတ်​ခြင်း​မ​ပြု​သူ ဟူ​သ​မျှ​သည် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​စေ ဟူ​၍​အ​ရှင်​အ​မိန့်​တော်​ထုတ်​ပြန်​ခဲ့​ပါ​၏။-

ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့ က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​မိ​မိ တို့​အ​တွက်​ထု​ချေ​လျှောက်​လဲ​ကြ​မည် မ​ဟုတ်​ပါ။-

``ထို​ကြောင့်​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့်​နိုင်​ငံ အ​သီး​သီး​က​မည်​သူ​မ​ဆို​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့​၏​ဘု​ရား​အား​မ​ရို မ​သေ​ပြော​ဆို​သည်​ဆို​အံ့၊ ထို​သူ​အား​အ​ပိုင်း ပိုင်း​ဖြတ်​၍​နေ​အိမ်​ကို​လည်း ပြာ​ပုံ​ဖြစ်​စေ ဟု​ယ​ခု​ငါ​အ​မိန့်​ပေး​၏။ ထို​သူ​သုံး​ဦး​တို့ ၏​ဘု​ရား​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကယ် တင်​နိုင်'' ဟု​မိန့်​တော်​မူ​၏။

ထို​နောက်​မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အား ဗာ​ဗု​လုန်​ပြည် နယ်​တွင်​ပို​မို​ကြီး​မြင့်​သည့်​ရာ​ထူး​များ ဖြင့်​ချီး​မြှင့်​တော်​မူ​လေ​သည်။

ထို​အ​ခါ​သူ​တို့​သည်​မင်း​ကြီး​အား``ယု​ဒ ပြည်​မှ​ဖမ်း​ဆီး​ခဲ့​သူ​များ​အ​နက်​တစ်​ဦး ဖြစ်​သူ​ဒံ​ယေ​လ​သည်​အ​ရှင်​မင်း​ကြီး အား​ရို​သေ​လေး​စား​မှု​မ​ရှိ။ အ​ရှင်​ထုတ် ပြန်​သည့်​အ​မိန့်​တော်​ကို​လည်း​မ​လိုက်​နာ။ သူ​သည်​တစ်​နေ့​လျှင်​သုံး​ကြိမ်​တိုင်​တိုင် အ​ချိန်​မှန်​မှန်​ဆု​တောင်း​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။

ဤ​လျှောက်​ထား​ချက်​ကို​မင်း​ကြီး​ကြား တော်​မူ​လျှင် အ​လွန်​စိတ်​မ​ချမ်း​မ​သာ​ဖြစ် တော်​မူ​လျက်​ဒံ​ယေ​လ​အား​ကယ်​ဆယ်​ရန် နည်း​လမ်း​ကို​နေ​ဝင်​သည်​တိုင်​အောင်​အ​စွမ်း ကုန်​ကြိုး​စား​၍​ရှာ​ကြံ​တော်​မူ​၏။-

ထို​သူ​တို့​သည်​ယေ​ရှု​ဟူ​သော​အ​ခြား ဧ​က​ရာဇ်​ဘု​ရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​ကာ ဧ​က​ရာဇ်​၏​အ​မိန့်​တော်​ကို​ဆန့်​ကျင်​ဘက် ပြု​ကြ​ပါ​၏'' ဟု​ဟစ်​အော်​ကြ​သော်၊-

သူ​က``ထို​နာ​မ​ကို​အ​မှီ​ပြု​၍​ဟော​ပြော​သွန် သင်​ခြင်း​မ​ပြု​ရန် သင်​တို့​အား​ငါ​တို့​ကျပ်​တည်း စွာ​အ​မိန့်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး​တွင် အ​နှံ့ အ​ပြား​ဟော​ပြော​သွန်​သင်​ကြ​လေ​ပြီ။ ထို သူ​သေ​ရ​သည်​မှာ​ငါ​တို့​ကြောင့်​ဖြစ်​သည်​ဟူ ၍ သင်​တို့​အ​ပြစ်​တင်​လို​ကြ​သည်​တ​ကား'' ဟု​တ​မန်​တော်​တို့​အား​ပြော​ကြား​ကြ ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ