ဒံယေလ 2:9Common Language Bibleအကယ်၍ငါ၏အိပ်မက်ကိုသင်တို့မဖော် ပြနိုင်ပါက သင်တို့ကိုအပိုင်းပိုင်းဖြတ်ကာ သင်တို့အိမ်များကိုပြာပုံဖြစ်စေရန်ငါ စိတ်ပိုင်းဖြတ်ထားပြီ။ သင်တို့သည်နောင်အခါ ၌အခြေအနေပြောင်းလဲလာလိမ့်မည်ဟု မျှော်လင့်ကာ ငါ့အားလိမ်လည်ပြောဆိုရန် အချင်းချင်းတိုင်ပင်ထားကြပြီ။ ငါ၏ အိပ်မက်ကိုငါ့အားဖော်ပြကြလော့။ ထို သို့ဖော်ပြနိုင်လျှင်အိပ်မက်၏အနက်ကို လည်းသင်တို့ဖွင့်နိုင်ကြောင်းငါသိရှိရ လိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
``ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေမင်းကြီး ခေါ်တော်မမူဘဲနန်းတော်အတွင်းတံတိုင်း၊ မင်းကြီးထံတော်သို့ဝင်မိသူသည်သေဒဏ် ခံရမည်ဖြစ်ပါ၏။ ဤကားတရားဥပဒေ အရဖြစ်သဖြင့်ဘုရင့်အကြံပေးအမတ် များမှစ၍ ပြည်နယ်အသီးသီးရှိလူအ ပေါင်းတို့သိကြပါသည်။ ထိုဥပဒေကို ရှောင်ကွင်းနိုင်ရန်လမ်းတစ်လမ်းသာရှိပါ သည်။ အကယ်၍မင်းကြီးကရာဇလှံတံ တော်ကိုကမ်းတော်မူလျှင် ဝင်မိသူအသက် ချမ်းသာရာရပါ၏။ သို့ရာတွင်ကျွန်မ အားမင်းကြီးခေါ်ယူတော်မမူသည်မှာ တစ်လရှိပါပြီ'' ဟုပြန်ကြားလေသည်။
အနာဂတ်၌အဘယ်အရာဖြစ်မည်ကို ငါတို့အား ဖော်ပြကြလော့။ သို့မှသာလျှင်သင်တို့သည်ဘုရားများဖြစ် ကြောင်း ငါတို့သိရှိကြလိမ့်မည်။ ကောင်းသောအမှုကိုပြုကြလော့။ သို့တည်းမဟုတ်ဘေးအန္တရာယ်တစ်ခုခုကို သက်ရောက်စေကြလော့။ ငါတို့အားစိုးရွံ့ကြောက်လန့်တုန်လှုပ်အောင် ပြုကြလော့။
မုယောဆန်လက်ဆုပ်အနည်းငယ်နှင့်မုန့် အနည်းငယ်ရရန်အတွက် ငါ၏လူမျိုး တော်ရှေ့တွင်ငါ့အားရှုတ်ချကြ၏။ သင် တို့သည်မသေထိုက်သူတို့ကိုသတ်၍ သေ ထိုက်သူတို့ကိုမူအသက်ချမ်းသာပေးကြ ၏။ သို့ဖြစ်၍သင်တို့သည်ငါ၏လူမျိုး တော်အားလိမ်လည်ပြောကြ၏။ သူတို့ ကလည်းယုံကြ၏'' ဟူ၍တည်း။
သူတို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သူတို့ကြိုတင်ဟောကြားချက် များသည်လည်းမုသားစကားများဖြစ်၏။ ထာဝရဘုရား၏ဗျာဒိတ်တော်ဖြစ်သည်ဟု ဆိုကြသော်လည်း ထိုဗျာဒိတ်ကိုငါမပေး ခဲ့။ သို့ပါလျက်သူတို့သည်ဟောကြားသည့် အတိုင်းဖြစ်ပျက်လိမ့်မည်ဟုစောင့်စားကြ ပါသည်တကား။-
ယခုသင်တို့သည်တံပိုးခရာ၊ ပလွေ၊ စောင်း ငယ်၊ ပတ်သာ၊ စောင်းကြီးနှင့်အခြားတူရိ ယာများတီးမှုတ်သံကိုကြားသည်နှင့်တစ် ပြိုင်နက်ရွှေရုပ်ကြီးကိုဦးညွှတ်ရှိခိုးကြ လော့။ အကယ်၍ရှိမခိုးကြပါကသင်တို့ သည်ပြင်းစွာအလျှံထလျက်နေသောမီး ဖိုထဲသို့ချက်ချင်းပစ်ချခြင်းကိုခံရ ကြလတ္တံ့။ သင်တို့အားကယ်နိုင်မည့်ဘုရား ရှိသည်ဟုသင်တို့ထင်မှတ်ကြသလော'' ဟုမိန့်တော်မူ၏။
သူသည်အမြင့်မြတ်ဆုံးသောဘုရားသခင်ကိုဆန့်ကျင်ပြောဆိုလျက် ကိုယ်တော်၏လူမျိုးတော်တို့ကိုနှိပ်စက်ညှဉ်းဆဲလိမ့်မည်။ သူသည်လူမျိုးတော်တို့၏ဘာသာရေးဆိုင်ရာတရားဋ္ဌမ္မများနှင့်ပွဲလမ်းသဘင်များကိုပြောင်းလဲစေရန် ကြိုးစားလိမ့်မည်။ ဘုရားသခင်၏လူမျိုးတော်သည်လည်း သူ၏အာဏာစက်အောက်တွင်သုံးနှစ်ခွဲမျှနေကြရလိမ့်မည်။-
ငါတို့သည်အခြားသူအမြောက်အမြား ကဲ့သို့ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကို အပေါစားကုန်ပစ္စည်းသဖွယ်ရောင်း ဝယ်ဖောက်ကားမှုကိုမပြုကြ။ ငါတို့သည် ဘုရားသခင်စေလွှတ်တော်မူသောသူများ ဖြစ်၍ ခရစ်တော်၏အစေခံများအနေ ဖြင့်ဘုရားသခင်၏ရှေ့တော်မှောက်၌ နှုတ်ကပတ်တရားတော်ကိုစိတ်ကြည် လင်စွာဟောပြောကြ၏။