Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 2:42

Common Language Bible

ခြေ​ချောင်း​များ​သည်​သံ​တစ်​ပိုင်း​ရွှံ့​စေး သ​ရွတ်​တစ်​ပိုင်း​ဖြစ်​သည်​နှင့်​အ​ညီ ထို​နိုင်​ငံ သည်​ခွန်​အား​ကြီး​သော်​လည်း​အ​လွယ်​တ​ကူ ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ပါ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

ရုပ်​တု​ကြီး​၏​ခြေ​ဖ​မိုး​နှင့်​ခြေ​ချောင်း​များ သည်​ရွှံ့​စေး​သ​ရွတ်​တစ်​ပိုင်း၊ သံ​တစ်​ပိုင်း​ဖြစ် ကြောင်း​ကို​အ​ရှင်​မင်း​ကြီး​တွေ့​မြင်​တော်​မူ ရ​သည်​နှင့်​အ​ညီ အင်​ပါ​ယာ​နိုင်​ငံ​သည်​စိတ် ဝမ်း​ကွဲ​ပြား​သော​နိုင်​ငံ​ဖြစ်​ပါ​လိမ့်​မည်။ သံ နှင့်​ရွှံ့​စေး​သ​ရွတ်​ရော​၍​နေ​သည်​ကို​ထောက် ၍ ထို​နိုင်​ငံ​တွင်​သံ​ကဲ့​သို့​ခိုင်​မာ​တောင့်​တင်း မှု​အ​ချို့​အ​ဝက်​ရှိ​ပါ​လိမ့်​မည်။-

သံ​ကို​ရွှံ့​စေး​သ​ရွတ်​နှင့်​ရော​စပ်​ထား​သည် ကို​လည်း အ​ရှင်​မြင်​တော်​မူ​သည်​အ​တိုင်း ထို​အင်​ပါ​ယာ​နိုင်​ငံ​ကို​အုပ်​ချုပ်​သော ဘု​ရင်​တို့​သည်​မိ​မိ​တို့​၏​အိမ်​ထောင်​စု​သား တို့​အား အ​ချင်း​ချင်း​ထိမ်း​မြား​လက်​ထပ် ခြင်း​အား​ဖြင့် စည်း​ရုံး​မှု​ရ​ရှိ​ရန်​ကြိုး​စား ကြ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​သံ​နှင့်​ရွှံ့​စေး သ​ရွတ်​ကို​ရော​စပ်​၍​မ​ရ​သ​ကဲ့​သို့ သူ​တို့ သည်​လည်း​ပေါင်း​ဖော်​၍​ရ​ကြ​မည်​မ​ဟုတ် ပါ။-

ဦး​ချို​ဆယ်​ချောင်း​မှာ​ထို​နိုင်​ငံ​တွင်​ပေါ်​ပေါက်​လာ​မည့်​ဘု​ရင်​ဆယ်​ပါး​ဖြစ်​၏။ ထို​နောက်​အ​ခြား​ဘု​ရင်​တစ်​ပါး​ပေါ်​လာ​လိမ့်​မည်။ သူ​သည်​ယ​ခင်​ဘု​ရင်​များ​နှင့်​ကွာ​ခြား​သူ​ဖြစ်​လိမ့်​မည်။ ဘု​ရင်​သုံး​ပါး​ကို​လည်း​နှိမ်​နင်း​လိမ့်​မည်။-

ထို​နောက်​ပင်​လယ်​ထဲ​မှ​ဦး​ချို​ဆယ်​ချောင်း နှင့်​ဦး​ခေါင်း​ခု​နစ်​လုံး​ရှိ​သော သား​ရဲ​တစ် ကောင်​တက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​၏ ဦး​ချို​တစ်​ချောင်း​စီ​တွင်​သ​ရ​ဖူ​ဆောင်း​ထား ၏။ သူ​၏​ဦး​ခေါင်း​တစ်​လုံး​စီ​ပေါ်​၌​လည်း ဘု​ရား​သ​ခင်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ သည့်​အ​မည်​နာ​မ​ကို​ရေး​သား​ထား​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ