ထိုရုပ်တုကြီး၏ဦးခေါင်းသည်ရွှေစင်ဖြင့် ပြီးပါ၏။ ရင်ဘတ်နှင့်လက်နှစ်ဖက်ကိုငွေ ဖြင့်လုပ်ထားပြီးလျှင် ဝမ်းနှင့်ပေါင်တို့ကို ကြေးဝါဖြင့်ပြုလုပ်ထားလေသည်။-
ဤသို့ကိုယ်တော်ပြုတော်မူသောအခါ၌ သူတို့သည်ဗာဗုလုန်ဘုရင်အားပြက်ရယ် ပြုကာ၊ ``ရက်စက်ကြမ်းကြုတ်သောမင်းသည်ကျဆုံး လေပြီ။ သူသည်နောက်တစ်ဖန်အဘယ်သူကို မျှဖိနှိပ်ချုပ်ချယ်ရတော့မည်မဟုတ်။-
ဗာဗုလုန်မြို့သည်ငါကိုင်၍ထားသည့်ရွှေ ဖလား၊ ကမ္ဘာတစ်ဝှမ်းလုံးကိုမူးယစ်စေသည့် စပျစ်ရည်ခွက်ဖလားနှင့်တူ၏။ လူမျိုး တကာတို့သည်ထိုခွက်ဖလားမှစပျစ် ရည်ကိုသောက်၍ရူးသွတ်ကြကုန်၏။-
ခြေသလုံးကိုသံဖြင့်ပြုလုပ်၍ခြေဖမိုး နှင့် ခြေဖဝါးတို့မှာသံတစ်ပိုင်းရွှံ့စေး သရွတ်တစ်ပိုင်းဖြစ်ပါ၏။-
``အရှင်မင်းကြီး၊ အရှင်ကားထိုသစ်ပင်ကြီး ပင်ဖြစ်ပါ၏။ အရှင်သည်မိုးကောင်းကင်တိုင် အောင်မြင့်မားကြီးမြတ်တော်မူလျက်တန် ခိုးတော်သည်ကမ္ဘာတစ်ဝန်းလုံးကိုလွှမ်းမိုး ပါ၏။-
``ငါ၏ဘုန်းတန်ခိုးအာနုဘော်ထင်ရှားစေ ရန်နေပြည်တော်အဖြစ်ဖြင့် ငါတည်ထောင်ခဲ့ သောဗာဗုလုန်မြို့သည်လွန်စွာကြီးကျယ် ခမ်းနားလှပါသည်တကား'' ဟုမြွက်ဆို၏။
ခွဲဝေဟူသောစကား၏အနက်အဋ္ဌိပ္ပါယ်မှာ အရှင်၏နိုင်ငံတော်ကိုမေဒိအမျိုးသား များနှင့်ပါရှအမျိုးသားတို့အားခွဲဝေ ပေးတော်မူပြီဟူ၍ဖြစ်ပါ၏'' ဟုလျှောက် ထား၏။
အမျိုးသမီးသည်အနီနှင့်မရမ်းစေ့ရောင် အဝတ်များကိုဝတ်လျက်ရွှေတန်ဆာ၊ ငွေတန် ဆာ၊ ကျောက်မျက်ရတနာတန်ဆာ၊ ပုလဲတန် ဆာများကိုဆင်ယင်ထား၏။ သူသည်ကာမ ဂုဏ်လိုက်စားမှုဆိုင်ရာစက်ဆုပ်ရွံရှာဖွယ် ကောင်းသောညစ်ညမ်းမှုများနှင့်ပြည့်နေ သည့်ရွှေဖလားကိုကိုင်ထား၏။-