Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 2:29

Common Language Bible

``အ​ရှင်​မင်း​ကြီး​သည်​စက်​တော်​ခေါ်​လျက် နေ​စဉ် အ​နာ​ဂတ်​၌​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ အ​ကြောင်း​ကို​အိပ်​မက်​မြင်​မက်​တော်​မူ​ပါ​၏။ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော် မူ​သော ဘု​ရား​သ​ခင်​သည်​နောင်​ဖြစ်​လတ္တံ့ သော​အ​မှု​အ​ရာ​တို့​ကို​အ​ရှင့်​အား​ဖွင့်​ပြ တော်​မူ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယော​သပ်​က``အ​ရှင်​မင်း​ကြီး​မြင် မက်​သော​အိပ်​မက်​နှစ်​ရပ်​တို့​သည်​အ​နက်​တစ် မျိုး​တည်း​ရှိ​ပါ​သည်။ ဘု​ရား​သ​ခင်​က​မိ​မိ ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော်​အား​အ​သိ ပေး​ခြင်း​ဖြစ်​ပါ​သည်။-

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ဂေါ​ဂ​အား``ထို အ​ချိန်​ကျ​ရောက်​သော​အ​ခါ​သင်​သည် ဆိုး​ညစ်​သော​အ​ကြံ​အ​စည်​တစ်​ခု​ကို ပြု​လိမ့်​မည်။-

ကိုယ်​တော်​သည်​လျှို့​ဝှက်​နက်​နဲ​သည့် အ​ရာ​များ​ကို​ထုတ်​ဖော်​တော်​မူ​၏။ မှောင်​မိုက်​တွင်​ဖုံး​ကွယ်​နေ​သည့် အ​ရာ​များ​ကို​သိ​တော်​မူ​၏။ ကိုယ်​တော်​အား​အ​လင်း​ဝိုင်း​ရံ​လျက်​ရှိ​၏။

အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ဉာဏ်​ပ​ညာ နှင့် အ​စွမ်း​သတ္တိ​ကို​ပေး​သ​နား​၍ အ​ကျွန်ုပ်​တောင်း​လျှောက်​သည့်​အ​တိုင်း မင်း​ကြီး ၏​အိပ်​မက်​ကို ဖွင့်​ပြ​တော်​မူ​သော​ကျေး​ဇူး​တော်​ကို ချီး​မွမ်း ထော​မ​နာ​ပြု​ပါ​၏။''

သို့​ရာ​တွင်​လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​များ ကို ဖွင့်​ပြ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​ပါ​၏။ ထို​ဘု​ရား သည်​အ​နာ​ဂတ်​ကာ​လ​၌​အ​ဘယ်​သို့​ဖြစ် ပျက်​မည်​ကို အ​ရှင်​မင်း​ကြီး​အား​ဖွင့်​ပြ တော်​မူ​ပါ​ပြီ။ အ​ရှင်​မင်း​ကြီး​စက်​တော် ခေါ်​လျက်​နေ​စဉ် မြင်​မက်​သည့်​အိပ်​မက်​ကို ယ​ခု​အ​ကျွန်ုပ်​ဖော်​ပြ​ပါ​မည်။

တောင်​ပေါ်​မှ​ကျောက်​တုံး​တစ်​လုံး​သည် အ​လို​အ​လျောက်​ပြုတ်​ထွက်​လာ​ကာ သံ၊ ကြေး​ဝါ၊ ရွှံ့​စေး​သ​ရွတ်၊ ငွေ၊ ရွှေ​တို့​ဖြင့် ပြု​လုပ်​ထား​သော​ရုပ်​တု​ကြီး​အား​ထိ မှန်​သွား​ပုံ​ကို​အ​ရှင်​မြင်​တော်​မူ​ခဲ့​ပါ​၏။ ကြီး​မြတ်​တော်​မူ​သော​ဘုရား​သခင်​သည် အ​ရှင့်​အား နောင်​ဖြစ်​လတ္တံ့​သော​အ​မှု အ​ရာ​တို့​ကို​ဖွင့်​ပြ​တော်​မူ​ခြင်း​ပင် ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​မြင်​မက် သည့်​အ​တိုင်း အိပ်​မက်​တော်​ကို​တိ​ကျ စွာ​ဖော်​ပြ​၍ အိပ်​မက်​၏​အ​နက်​အ​မှန် ကို​လည်း​အ​ရှင့်​အား​ဖော်​ပြ​ပြီး​ပါ ပြီ'' ဟု​လျှောက်​၏။

မင်း​ကြီး​က``သင်​သည်​ဤ​လျှို့​ဝှက်​ခက်​ခဲ သော​အ​မှု​တို့​ကို​ဖြေ​ရှင်း​နိုင်​သည်​ဖြစ်​၍ သင်​၏​ဘု​ရား​သ​ခင်​သည်​ဘု​ရား​တ​ကာ တို့​ထက်​ကြီး​မြတ်​တော်​မူ​ပါ​၏။ ဘု​ရင် တ​ကာ​တို့​ကို​အ​စိုး​ရ​သော​အ​ရှင်၊ လျှို့ ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။

တောင်​များ​ကို​တည်​၍​လေ​အ​ဟုန်​တို့​ကို ဖန်​ဆင်း​သော​အ​ရှင်​သည်​ဘု​ရား​သ​ခင်​ပင် ဖြစ်​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​ကြံ​အ​စည် တော်​တို့​ကို လူ​သား​တို့​အား​သိ​စေ​တော်​မူ​ပြီ။ နေ့​ချိန်​တာ​ကို​ည​ဦး​ယံ​အဖြစ်​သို့​ကူး​ပြောင်း စေ​ခဲ့​ပြီ။ ကမ္ဘာ​မိုး​မြေ​အ​ထွတ်​အ​ထိပ်​တွင်​အုပ်​စိုး​လျက် နေ​တော်​မူ​ပြီ။ ကိုယ်​တော်​၏​ဘွဲ့​နာ​မ​တော်​ကား​ကောင်း​ကင် ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ