ဒံယေလ 2:21Common Language Bibleကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုပရောဖက်တို့သည်ဒါဝိဒ်မင်းတိုင်းပြည်ကို အုပ်စိုးပုံနှင့်တန်ခိုးကြီးပုံတို့ကိုလည်းကောင်း၊ သူကြုံတွေ့ရသောအဖြစ်အပျက်များနှင့် တကွဣသရေလနိုင်ငံနှင့်အနီးတစ်ဝိုက် ရှိတိုင်းပြည်များ၏အဖြစ်အပျက်မှန်သမျှ တို့ကိုလည်းကောင်းဖော်ပြကြလေသည်။ ရာဇဝင်ချုပ်ပထမစောင်ပြီး၏။
ဘုရင်တို့မည်သည် ငြိမ်ဝပ်ပိပြားရေးဆိုင် ရာပြဿနာများနှင့်ပတ်သက်၍ တရား ဥပဒေသကျွမ်းကျင်သူတို့၏အကြံ ဉာဏ်ကိုတောင်းခံကြစမြဲဖြစ်သည်နှင့် အညီ မင်းကြီးသည်ဤအမှုကိစ္စတွင် အဘယ်သို့ဆောင်ရွက်သင့်သည်ကိုမေး မြန်းရန်အကြံပေးအရာရှိများကို ခေါ်ယူတော်မူ၏။-
သူသည် ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံအမျိုးမျိုး ဖော်လုပ်နိုင်သောအတတ်၊ ကျောက်မျက်တို့ ကိုသွေး၍စီခြယ်သောအတတ်၊ သစ်သား ပန်းပုထုသောအတတ်အစရှိသည့်အနု ပညာအတတ်အမျိုးမျိုးတို့ကိုကျွမ်းကျင် ပြောင်မြောက်စေခြင်းငှာ၊ ငါသည်သူ့အား အစွမ်းတန်ခိုးကိုပေးတော်မူပြီ။-
ပါရှဧကရာဇ်ဘုရင်ကုရုနန်းစံတတိယ နှစ်၌ ဗေလတရှာဇာဟုလည်းနာမည်တွင် သောဒံယေလသည် ဗျာဒိတ်တော်ကိုခံယူ ရရှိ၏။ ထိုဗျာဒိတ်တော်တွင်ပါရှိသည့်ဖော် ပြချက်စကားသည်မှန်ကန်သော်လည်းနား လည်ရန်အလွန်ခက်၏။ ဒံယေလသည်ထို ဖော်ပြချက်စကား၏အနက်ကိုဗျာဒိတ် ရူပါရုံအားဖြင့်သိရှိနားလည်၍လာ၏။
နှစ်ပေါင်းအတန်ကြာသောအခါအီဂျစ် ဘုရင်၏သမီးတော်ကို ဆီးရီးယားဘုရင် နှင့်ထိမ်းမြားဆောင်နှင်းကာ မဟာမိတ်ဖွဲ့လိမ့် မည်။ သို့ရာတွင်ထိုမဟာမိတ်ဖွဲ့မှုတည်တံ့ ခိုင်မြဲလိမ့်မည်မဟုတ်။ မင်းသမီးနှင့်နောက် လိုက်နောက်ပါအခြွေအရံများသည်လည်း ကောင်း၊ သူ၏သားငယ်နှင့်သူ၏ကြင်ရာတော် တို့သည်လည်းကောင်းအသတ်ခံရကြလိမ့် မည်။-
အကယ်၍ငါ၏အိပ်မက်ကိုသင်တို့မဖော် ပြနိုင်ပါက သင်တို့ကိုအပိုင်းပိုင်းဖြတ်ကာ သင်တို့အိမ်များကိုပြာပုံဖြစ်စေရန်ငါ စိတ်ပိုင်းဖြတ်ထားပြီ။ သင်တို့သည်နောင်အခါ ၌အခြေအနေပြောင်းလဲလာလိမ့်မည်ဟု မျှော်လင့်ကာ ငါ့အားလိမ်လည်ပြောဆိုရန် အချင်းချင်းတိုင်ပင်ထားကြပြီ။ ငါ၏ အိပ်မက်ကိုငါ့အားဖော်ပြကြလော့။ ထို သို့ဖော်ပြနိုင်လျှင်အိပ်မက်၏အနက်ကို လည်းသင်တို့ဖွင့်နိုင်ကြောင်းငါသိရှိရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ဤကားနိုးကြားစောင့်ကြည့်သူကောင်းကင် တမန်များ၏စီရင်ဆုံးဖြတ်ချက်တည်း။ သို့ ဖြစ်၍အမြင့်မြတ်ဆုံးသောဘုရားသခင် သည် လောကီနိုင်ငံများအပေါ်သို့တန်ခိုး အာဏာလွှမ်းမိုးတော်မူနိုင်ကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည်အသိမ်ငယ်ဆုံးသော သူကိုပင်လျှင်ရွေးချယ်၍မင်းမြှောက်တော် မူနိုင်ကြောင်းကိုလည်းကောင်း အရပ်တကာ ရှိလူအပေါင်းတို့သိရှိကြစေ' ဟုအသံ ကျယ်စွာကြွေးကြော်၏။
သင်သည်လူအသိုင်းအဝိုင်းမှအနှင်ခံရ ၍တောတိရစ္ဆာန်များနှင့်အတူနေရလတ္တံ့။ ခုနစ်နှစ်တိုင်တိုင်နွားကဲ့သို့မြက်ကိုစား ရလတ္တံ့။ ထိုအခါဘုရားသခင်သည်လော ကီနိုင်ငံများကိုအစိုးရတော်မူ၍ ယင်း တို့ကိုမိမိအလိုရှိသူအားပေးပိုင် ကြောင်းကိုသင်ဝန်ခံလိမ့်မည်'' ဟုကောင်း ကင်မှအသံထွက်ပေါ်လာလေသည်။
သူသည်အမြင့်မြတ်ဆုံးသောဘုရားသခင်ကိုဆန့်ကျင်ပြောဆိုလျက် ကိုယ်တော်၏လူမျိုးတော်တို့ကိုနှိပ်စက်ညှဉ်းဆဲလိမ့်မည်။ သူသည်လူမျိုးတော်တို့၏ဘာသာရေးဆိုင်ရာတရားဋ္ဌမ္မများနှင့်ပွဲလမ်းသဘင်များကိုပြောင်းလဲစေရန် ကြိုးစားလိမ့်မည်။ ဘုရားသခင်၏လူမျိုးတော်သည်လည်း သူ၏အာဏာစက်အောက်တွင်သုံးနှစ်ခွဲမျှနေကြရလိမ့်မည်။-
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-