ဒံယေလ 12:6Common Language Bibleတစ်ယောက်ကမြစ်အထက်ပိုင်းတွင်ရပ် နေသူအား``ဤအံ့သြဖွယ်ကောင်းသည့် အမှုအရာများသည် အဘယ်ကာလမှ ပြီးဆုံးပါမည်နည်း'' ဟုမေး၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါချက်ချင်းပင်လက်နက်တစ်ခု စီကိုင်ဆောင်ထားသောလူခြောက်ယောက်တို့ သည် ဗိမာန်တော်မြောက်ဘက်အပြင်တံခါး မှထွက်၍လာကြ၏။ သူတို့နှင့်အတူပိတ် ချောထည်ကိုဝတ်ဆင်ကာ စာရေးကိရိယာ ကိုယူဆောင်လာသူလူတစ်ဦးလည်းပါ၏။ သူတို့အားလုံးပင်ကြေးဝါယဇ်ပလ္လင် အနီးသို့လာ၍ရပ်ကြ၏။
ထိုနောက်ကောင်းကင်တမန်တစ်ပါးက အခြား တစ်ပါးအား``ဗျာဒိတ်ရူပါရုံတွင်တွေ့ရှိရ သည့်အရာများသည်အဘယ်မျှကြာအောင် ဖြစ်ပျက်နေပါမည်နည်း။ နေ့စဉ်ယဇ်ပူဇော် ခြင်းကိုကြောက်မက်ဖွယ်ရာအပြစ်ဒုစရိုက် ဖြင့်အစားထိုးမှုသည်လည်းကောင်း၊ ကောင်း ကင်ဗိုလ်ခြေနှင့်ဗိမာန်တော်ကိုနင်းချေမှု သည်လည်းကောင်းအဘယ်မျှကြာဖြစ် ပျက်လိမ့်မည်နည်း'' ဟုမေးသည်ကိုငါ ကြားရ၏။
ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်တစ်ကိုယ်တည်း ထိုင်နေတော်မူစဉ်တပည့်တော်တို့သည်အထံတော် သို့ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအမှုအရာ များသည်အဘယ်အခါကာလ၌ဖြစ်ပျက်ပါမည် နည်း။ အရှင်ကြွလာတော်မူချိန်နှင့်ကပ်ကမ္ဘာကုန်ဆုံး ချိန်၌အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ်တို့အားမိန့်တော်မူပါ'' ဟုလျှောက်ထား ကြ၏။
ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။