Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 11:8

Common Language Bible

သူ​တို့​၏​ဘု​ရား​ရုပ်​တု​များ​နှင့်​ယင်း​တို့​အား ဆက်​ကပ်​ထား​သည့်​ရွှေ​ခွက်​ငွေ​ခွက်​ရှိ​သ​မျှ တို့​ကို​လည်း အီ​ဂျစ်​ပြည်​သို့​ယူ​ဆောင်​သွား လိမ့်​မည်။ ထို​နောက်​နှစ်​ပေါင်း​များ​စွာ​ငြိမ်း ချမ်း​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​သင့်​မိ​ဘ​တို့​နေ​ရပ်​သို့​ပြန်​ရောက် လို​သည့်​စိတ်​ဇော​ကြောင့်​ထွက်​ခွာ​ခဲ့​ကြောင်း​ကို ငါ​သိ​၏။ သို့​ရာ​တွင်​ငါ​၏​ဘု​ရား​ရုပ်​တု​များ ကို​အ​ဘယ်​ကြောင့်​ခိုး​ယူ​သွား​ရ​သ​နည်း'' ဟု ယာကုပ်​အား​မေး​လေ​၏။

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုး ကွယ်​သော​ရုပ်​တု​များ​ကို​ထို​အ​ရပ်​တွင်​စွန့် ပစ်​ခဲ့​ကြ​သ​ဖြင့် ယင်း​တို့​ကို​ဒါ​ဝိဒ်​၏​လူ တို့​က​သိမ်း​ယူ​ကြ​လေ​သည်။

``ထို​နေ့​ည​တွင်​ငါ​သည် အီ​ဂျစ်​ပြည်​ကို​ဖြတ် သန်း​ကြွ​သွား​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​သား​ဦး ရှိ​သ​မျှ​တို့​ကို​သေ​ဒဏ်​ခတ်​၍ အီ​ဂျစ်​ပြည် ရှိ​ဘု​ရား​အ​ပေါင်း​တို့​ကို​ဒဏ်​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။-

ကိုယ်​တော်​သည်​အ​ကြီး​ဆုံး​အ​လှ​ဆုံး​သော သင်္ဘော​များ​ကို​ပင် နစ်​မြုပ်​စေ​တော်​မူ​လိမ့်​မည်။-

သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​မီး​ရှို့​ပစ် ကြ​သည်​ကို ကျွန်​တော်​မျိုး​တို့​သိ​ကြ​ပါ​၏။ ထို​ဘု​ရား​တို့​သည်​ဘု​ရား​အ​စစ်​မ​ဟုတ်။ လူ့​လက်​ဖြင့်​လုပ်​သည့်​သစ်​သား​ရုပ်၊ ကျောက် ရုပ်​များ​သာ​ဖြစ်​ပါ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် သိ​ဘိ​မြို့​၌​ရှိ​သော​အမ္မုန်​ဘု​ရား​ကို​အီ​ဂျစ် ပြည်၊ အီ​ဂျစ်​ဘု​ရား​များ၊ ဘု​ရင်​များ​နှင့် အ​တူ​ဆုံး​မ​မည်။ အီ​ဂျစ်​ပြည်​ဘု​ရင်​နှင့် သူ့​ကို​အား​ထား​ယုံ​ကြည်​သူ​မှန်​သ​မျှ​ကို ငါ​ဆုံး​မ​မည်။-

မွန်​မြတ်​သော​အ​စာ​သို့​မ​ဟုတ်​အ​သား​ကို မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်၊ ခေါင်း​မ​ဖြီး ဘဲ​သီ​တင်း​သုံး​ပတ်​ကုန်​ဆုံး​ချိန်​တိုင်​အောင် နေ​၏။

ဆီး​ရီး​ယား​ဘု​ရင်​သည်​အီ​ဂျစ်​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​လာ​လိမ့်​မည်။ သို့​ရာ​တွင် သူ​သည်​ပြန်​လည်​ဆုတ်​ခွာ​ရ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပေါင်း ပင်​ကဲ့​သို့​သန်​စွမ်း​သော်​လည်း၊ ငါ​သည်​သဲ ကန္တာ​ရ​ထဲ​မှ​ပူ​ပြင်း​သော​အ​ရှေ့​လေ​ကို တိုက်​ခတ်​စေ​သ​ဖြင့် သူ​တို့​၏​စမ်း​ချောင်း များ​နှင့်​ရေ​တွင်း​များ​ကို​ခန်း​ခြောက်​စေ ပြီး​လျှင်​အ​ဖိုး​တန်​ပစ္စည်း​မှန်​သ​မျှ ဆုံး​ရှုံး​ရ​လိမ့်​မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​လက်​မှု​ပ​ညာ သည်​သွန်း​လုပ်​သော​ရုပ်​တု​သည်​ဘု​ရား မ​ဟုတ်။ ရှ​မာ​ရိ​မြို့​သား​တို့​ကိုး​ကွယ်​သော ရွှေ​နွား​ရုပ်​သည်​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ ဖြစ်​ရ​လိမ့်​မည်။-

ထို​စဉ်​အ​ခါ​က​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​ခြင်း​ခံ​ရ​သော သား​ဦး​များ​ကို​မြှုပ်​နှံ​လျက်​နေ​ကြ​၏။ ထို သို့​ဒဏ်​ခတ်​ခြင်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် အီ​ဂျစ်​အ​မျိုး​သား​တို့​၏​ဘု​ရား​များ ထက်​တန်​ခိုး​ကြီး​ကြောင်း​ပြ​တော်​မူ​၏။

သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​၍ သူ​တို့​၏ ဘု​ရား​ကျောက်​တိုင်​များ​ကို​ချိုး​ဖျက်​ရ​မည်။ သူ​တို့​ကိုး​ကွယ်​သော​ဘု​ရား​မ​အာ​ရှ​ရ​၏ တံ​ခွန်​တိုင်​များ​ကို​မီး​ရှို့​ရ​မည်။ သူ​တို့​၏ ရုပ်​တု​များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​ပစ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ထို​အ​ရပ်​များ​တွင် ယင်း ဘု​ရား​များ​ကို​ကိုး​ကွယ်​မှု​ပ​ပျောက်​သွား လိမ့်​မည်။-

မိက္ခာ​က​လည်း`` `အ​ဘယ်​အ​ရေး​အ​ခင်း​ရှိ သ​နည်း' ဟု​ဆို​ရာ​၌​သင်​တို့​အ​ဘယ်​သို့​ဆို လို​ပါ​သ​နည်း။ သင်​တို့​သည်​ငါ​၏​ယဇ်​ပု​ရော ဟိတ်​နှင့် ငါ​ထု​လုပ်​ထား​သော​ရုပ်​တု​တို့​ကို ယူ​သွား​ကြ​ပါ​သည်​တ​ကား။ ငါ​၌​အ​ဘယ် အ​ရာ​ကျန်​ရှိ​သေး​သ​နည်း'' ဟု​ပြန်​ပြော လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ