ထိုမင်းသည်အပြည်ပြည်သို့ဝင်ရောက် တိုက်ခိုက်သောအခါ အီဂျစ်ပြည်ပင်လျှင် ချမ်းသာရာရလိမ့်မည်မဟုတ်။-
သူတို့၏မူရင်းဌာနေဖြစ်သောအီဂျစ် ပြည်တောင်ပိုင်းတွင်နေထိုင်စေမည်။ သူတို့ ၏နိုင်ငံသည်သိမ်ငယ်သောနိုင်ငံဖြစ်လိမ့် မည်။-
ကတိထားတော်မူသောပြည်ကိုပင်ချဉ်း နင်းဝင်ရောက်ကာ ထောင်ပေါင်းများစွာသော လူတို့ကိုသတ်ဖြတ်လိမ့်မည်။ သို့ရာတွင် ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်တို့ သည်ဘေးမှလွတ်မြောက်ကြလိမ့်မည်။-
သူသည်အီဂျစ်ပြည်တွင်လျှို့ဝှက်ထား သည့်ရွှေငွေဘဏ္ဍာများနှင့် အခြားအဖိုး ထိုက်သည့်ပစ္စည်းဥစ္စာများကိုသိမ်းယူသွား လိမ့်မည်။ လစ်ဗျားနှင့်ဆူဒန်နိုင်ငံတို့ကို လည်းနှိမ်နင်းအောင်မြင်လိမ့်မည်။-
အကြင်လူမျိုးသည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏အုပ်စိုးမှုကိုဝန်ခံ၍ ကိုယ်တော်အားရှိခိုးဝတ်ပြုရန်ငြင်းဆန် ၏။ ထိုလူမျိုးတို့၏ပြည်သည်မိုးခေါင် လိမ့်မည်။-
သူတို့၏အလောင်းများသည်မြို့ကြီးများ ၏လမ်းပေါ်တွင်ကျန်ရစ်ကြလိမ့်မည်။ ထိုမြို့ ကားသူတို့၏အရှင်သခင်လက်ဝါးကပ်တိုင် တွင်တင်၍အသတ်ခံရာမြို့ဖြစ်၏။ ယင်းမြို့ သည် သောဒုံမြို့သို့မဟုတ်အီဂျစ်ပြည်ကို သရုပ်ဆောင်သောမြို့ဖြစ်သတည်း။-