ဒံယေလ 11:4Common Language Bibleသို့ရာတွင်သူ၏တန်ခိုးအာဏာအကြီး မားဆုံးအချိန်သို့ရောက်သောအခါ အင် ပါယာနိုင်ငံသည်လေးစိတ်ကွဲ၍သွားလိမ့် မည်။ သူ၏အဆက်အနွယ်မဟုတ်သူတို့သည် ထိုနိုင်ငံကိုအုပ်စိုးကြလိမ့်မည်။ သို့ရာတွင် သူတို့သည်ထိုဘုရင်လောက်တန်ခိုးကြီး ကြလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
လူသေအလောင်းများနှင့်အမှိုက်များစွန့်ပစ် ရာချိုင့်ဝှမ်းတစ်ခုလုံးသည်လည်းကောင်း၊ အရှေ့ ဘက်မြင်းတံခါးတိုင်အောင်ကေဒြုန်ချောင်း အထက်ရှိလယ်ပြင်အပေါင်းသည်လည်းကောင်း ငါ့အဖို့မြင့်မြတ်သန့်ရှင်းရာဖြစ်လိမ့်မည်။ ဤမြို့တော်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှဖြိုချဖျက်ဆီးရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
ထိုသူတို့၏စိတ်နှလုံးအကြံအစည်ကိုသိတော်မူ သဖြင့်ကိုယ်တော်က ``နိုင်ငံတစ်ခုတွင်လူတို့သည် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်းတိုက်ခိုက်နေလျှင် ထိုနိုင်ငံသည်မကြာမီပျက်စီးလိမ့်မည်။ ထိုနည်း တူလူတို့စိတ်ဝမ်းကွဲပြားလျက်နေသောမြို့ သို့မဟုတ်အိမ်ထောင်သည်မရပ်မတည်နိုင်ရာ။-
ထိုနောက်ကောင်းကင်တမန်လေးပါးတို့သည် ကမ္ဘာမြေကြီးစွန်းအရပ်လေးမျက်နှာတွင် ရပ်လျက်နေသည်ကိုငါမြင်ရ၏။ သူတို့သည် ကုန်းမြေပေါ်နှင့်ပင်လယ်ပြင်၌သော်လည်းကောင်း၊ သစ်ပင်များကိုသော်လည်းကောင်းလေမတိုက် ခတ်နိုင်စေရန် အရပ်လေးမျက်နှာမှလေတို့ ကိုဆွဲကိုင်ထားကြ၏။-