ဒံယေလ 11:37Common Language Bibleထိုမင်းသည်မိမိ၏ဘိုးဘေးတို့ကိုးကွယ် သည့်ဘုရားကိုလည်းကောင်း၊ အမျိုးသမီး တို့မြတ်နိုးသည့်ဘုရားကိုလည်းကောင်း ပမာဏပြုလိမ့်မည်မဟုတ်။ မိမိကိုယ်ကို ဘုရားအပေါင်းတို့ထက်ကြီးမြတ်သည်ဟု ထင်မှတ်သဖြင့် ထိုဘုရားတို့ကိုပစ်ပယ် လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
ထိုသူတို့ကလူတို့အားထိမ်းမြားမင်္ဂလာမ ပြုရန်နှင့်အချို့သောအစားအစာများကို ရှောင်ကြဉ်ကြစေရန်သွန်သင်ကြ၏။ သို့ရာတွင် ယုံကြည်၍သမ္မာတရားတော်ကိုသိကျွမ်းသူ တို့သည်ကျေးဇူးတော်ကိုချီးမွမ်းလျက် စား သောက်နိုင်ကြစေရန်ဤအစားအစာများ ကိုဘုရားသခင်ဖန်ဆင်းထားတော်မူ၏။-