ဒံယေလ 11:35Common Language Bibleခေါင်းဆောင်ပညာရှိများအနက်အချို့သူ တို့သည်အသတ်ခံရကြလိမ့်မည်။ သို့ရာတွင် ယင်းသို့အသတ်ခံရကြမှုကြောင့် လူတို့၏ စိတ်နှလုံးသည်ဖြူစင်သန့်ရှင်း၍လာလိမ့်မည်။ ဤအမှုအရာများသည်ဘုရားသခင်ချိန်း ချက်သတ်မှတ်တော်မူသည့်ကာလတိုင် အောင်ဆက်လက်၍ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။
ပြည်သူတို့၏ခေါင်းဆောင်ပညာရှိတို့သည် ပြည်သူတို့အား ရှေ့ဆောင်လမ်းပြပေးကြ လိမ့်မည်။ သို့သော်ကာလအတန်ကြာမျှထို သူတို့အနက်အချို့သောသူတို့သည် စစ်ပွဲ တွင်ကျဆုံး၍အချို့မှာမီးလောင်တိုက် အသွင်းခံကြရလိမ့်မည်။ အချို့သောသူ တို့သည်လုယက်ခြင်းနှင့်ဖမ်းဆီးချုပ်နှောင် ခြင်းကိုခံရကြလိမ့်မည်။-
``ဆီးရီးယားဘုရင်၏နန်းသက်ကုန်ဆုံး ချိန်နီးသောအခါ အီဂျစ်ဘုရင်သည်ထို မင်းကိုစစ်ချီတိုက်ခိုက်လိမ့်မည်။ ဆီးရီး ယားဘုရင်ကလည်းမြင်းစီးသူရဲများ နှင့် သင်္ဘောအမြောက်အမြားကိုအသုံး ပြုကာအစွမ်းကုန်ပြန်လည်တိုက်ခိုက် လိမ့်မည်။ သူသည်မြစ်လျှံရေသဖွယ်နိုင်ငံ များစွာကိုချဉ်းနင်းဝင်ရောက်လိမ့်မည်။-
ထိုမင်းသည်ခုနစ်နှစ်တိုင်တိုင်များစွာ သောလူတို့နှင့် အခိုင်အမာသဘောတူ စာချုပ်ချုပ်ဆိုလိမ့်မည်။ သုံးနှစ်ခွဲမျှ ကြာသောအခါသူသည် ယဇ်နှင့်ပူဇော် သကာများဆက်ကပ်မှုကိုရပ်စဲစေ လိမ့်မည်။ ထိုနောက်ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့်အရာ ကို ဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားလိမ့်မည်။ ထိုအရာသည်မြှောက်တင်သူ အတွက် ဘုရားသခင်ပြင်ဆင်စီရင်ထား တော်မူသောဆုံးပါးပျက်စီးချိန်တိုင် အောင် ဗိမာန်တော်တွင်တည်ရှိနေလိမ့်မည်'' ဟုဆို၏။
ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန် တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်လျက် နေသူအား``ကမ္ဘာမြေကြီးပေါ်၌စပါးများ ကောင်းစွာမှည့်ပြီဖြစ်၍ရိတ်သိမ်းရန်အချိန် ကျရောက်လေပြီ။ ထို့ကြောင့်ကိုယ်တော်၏ တံစဉ်ကိုယူ၍ရိတ်သိမ်းတော်မူပါ'' ဟု အသံကျယ်စွာပြောဆို၏။-
သူတို့သည်ဘုရားသခင်မိန့်တော်မူသော စကားများအကောင်အထည်ပေါ်လာသည့် တိုင်အောင် မိမိတို့၏အာဏာကိုသားရဲအား တညီတညွတ်တည်းလွှဲအပ်လိုက်ကြစေရန် ကိုယ်တော်သည်သူတို့၏စိတ်ကိုပြုပြင်တော် မူလျက် သူတို့အားမိမိ၏အကြံအစည် တော်နှင့်အညီလိုက်နာဆောင်ရွက်စေတော် မူ၏။